ကိုယ်ပိုင်အေဂျင်စီတည်ထောင်လိုက်ပြီဖြစ်တဲ့ BlackPink Lisa

//s9.kh1.co/bd/bd68ee7da4c428dc85af56122c549c5db03d7c8c.jpg
အနုပညာရှင်များ

 ၀၈-ဖေ-၂၀၂၄ ၃pm · လွန်ခဲ့သော ၆ လ က

ကိုယ်ပိုင်အေဂျင်စီတည်ထောင်လိုက်ပြီဖြစ်တဲ့ BlackPink Lisa

BlackPink Lisa ဟာမကြာသေးခင်ရက်က သူ့ရဲ့အင်စတာဂရမ်ကနေတစ်ဆင့်  Coming Soon ဆိုပြီးပုံတင်လာခဲ့တာကြောင့် လှုပ်ရှားမှုတစ်ခုခုရှိလာမယ်လို့ထင်ခဲ့ကြတာပါ။  YG နှင့်လမ်းခွဲပြီးနောက်မှာ Lisa အနေနှင့် ကိုယ်ပိုင်ကုမ္မဏီတည်ထောင်မလား တစ်ခြားတစ်ခုခုနှင့်ပဲလက်တွဲမလားဆိုပြီး လူတော်တော်များများကိုသိချင်နေကြတာပါ။ 

https://s9.kh1.co/__image/w=564,h=752,q=100/fd/fda87415482888cb0cbaa4ebe239578064889da2.jpg

ဒီနေ့မှာတော့ Lisa ကသူ့ရဲ့ကိုယ်ပိုင်ကုမ္မဏီ LLOUD ကိုတည်ထောင်လိုက်ပြီဖြစ်ကြောင်း တရားဝင်အသိပေးလိုက်ပါတယ်။ ကုမ္မဏီရဲ့ဖော်ပြချက်အရ Lisa ရဲ့တစ်ကိုယ်တော်အလုပ်တွေနှင့် လှုပ်ရှားမှုတွေကို အဆင်ပြေအောင်တာဝန်ယူပေးမှာဖြစ်ပြီး ကေပေါ့တင်မကဘဲ ကမ္ဘာ့ဂီတလောကမှာပါ အလုပ်တွေလုပ်ကိုင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=564,h=701,q=100/f4/f4946861dad49ef1ddd38d8874bbd4a5f7c0a561.jpg

Lisa ဟာ အဖွဲ့ဝင်တွေထဲမှာ သုံးယောက်မြောက်ကိုယ်ပိုင်အေဂျင်စီထူထောင်လိုက်တဲ့သူဖြစ်ပါတယ်။ Jenni က  Odd Atelier ဆိုတဲ့ ကုမ္မဏီကိုတည်ထောင်ထားပြီးတော့ Jisoo ကသူ့အစ်ကိုရဲ့ကုမ္မဏီနှင့်ပူးပေါင်းပြီး တည်ထောင်ထားပါတယ်။ လက်ရှိအချိန်မှာတော့ Rose တစ်ယောက်တည်းပဲ ကိုယ်ပိုင်အေဂျင်စီမရှိသေးတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=1002,q=100/94/946b0dcd2ab7e50368c78131379b3b3455348a02.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T