ပါရီမြို့မှာ တော်ဝင်မင်းသမီးလေးတစ်ယောက်လိုလှနေခဲ့တဲ့ Jisoo

//s9.kh1.co/67/673ae591dbaab6cac6332dc5ea9a54f5df0fa3c3.jpg
အနုပညာရှင်များ

 ၀၈-ဖေ-၂၀၂၄ ၉am · လွန်ခဲ့သော ၆ လ က

ပါရီမြို့မှာ တော်ဝင်မင်းသမီးလေးတစ်ယောက်လိုလှနေခဲ့တဲ့ Jisoo

BlackPink အဖွဲ့ဝင် Jisoo ဟာမကြာသေးခင်က ပြင်သစ်နိုင်ငံ ပါရီမြို့မှာကျင်းပခဲ့တဲ့ CARTIER Trinity Event ပွဲကိုတက်ရောက်ခဲ့ပါတယ်။ ဒီပွဲဟာ CARTIER  ကနေတာဝန်ယူကျင်းပတဲ့ပွဲဖြစ်ပြီးတော့ ဘရန်းရဲ့နှစ်တစ်ရာပြည့်အခမ်းအနားလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=544,h=680,q=100/4e/4e7f7a08724ac8f49ed6c98cfcfe110362911ca4.jpg

ဒီပွဲကို  Cariter ရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ Jisoo ကိုအထူးတလည်ဖိတ်ကြားခဲ့တာဖြစ်ပြီးတော့ လက်ဆောင်အဖြစ် CARTIER Trinity Diamond Ring ကိုပါပို့ပေးခဲ့တာပါ။ ပွဲတက်ရောက်လာတဲ့ ဂျီဆိုးဟာ ရိုးရှင်းတဲ့အနက်ရောင်ဂါဝန်ရှည်နှင့် လက်ဝတ်ရတနာတွေကိုဝတ်ဆင်ပြီး တော်ဝင်မင်းသမီးလေးတစ်ပါးလိုအလှပိုနေခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=1047,q=100/b1/b17269217c66e0535c8fb956bcdd9ad10395b52f.png

Jisoo ဟာလက်ရှိအချိန်မှာ Influenza နှင့် Omniscient Reader's Viewpoint ဆိုတဲ့ဒရာမာနှင့်ရုပ်ရှင်တွေရိုက်ကူးနေတာဖြစ်ပြီးတော့ ကိုယ်ပိုင်ကုမ္မဏီနှင့်လှုပ်ရှားနေတာလည်းဖြစ်ပါတယ်။ BlackPink အဖွဲ့အနေနှင့်တော့ ဘယ်လိုလှုပ်ရှားမှုတွေလုပ်ဆောင်လာမလဲကိုမသိရသေးပေမဲ့ မကြာခင်မှာ မင်းသမီး အဖြစ်ပရိတ်သတ်တွေပြန်မြင်ရတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားတွေဟာ Jisoo ရဲ့ပွဲဦးထွက်ဒရာမာ Snow Drop  အပြီး သုံးနှစ်ကျော်ကြာမှပြန်ကြည့်ရမယ့်ဒရာမာတွေပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=458,h=680,q=100/19/19d4795ffd749e8e9fdf10853876d15584702682.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T