V ကြောင့် ရေပန်းအစားဆုံးကော်ဖီတံဆိပ်ဖြစ်လာတဲ့ Compose Coffee

//s9.kh1.co/8a/8af4228b2867b37e9319914ae1920d4ef2b67afd.jpg
အနုပညာရှင်များ

 ၀၇-ဖေ-၂၀၂၄ ၂pm · လွန်ခဲ့သော ၆ လ က

V ကြောင့် ရေပန်းအစားဆုံးကော်ဖီတံဆိပ်ဖြစ်လာတဲ့ Compose Coffee

Compose Coffee ဟာ လုပ်ငန်းစုရဲ့ဆယ်နှစ်ပြည့်အခမ်းအနားမှာ BTS အဖွဲ့ဝင် V ကို လုပ်ငန်းရဲ့တရားဝင်ကိုယ်စားလှယ်အဖြစ်ခန့်အပ်ခဲ့ပြီးတော့ ကြော်ညာပါရိုက်ကူးခဲ့ပါတယ်။ ဒီကြော်ညာဟာ V စစ်မှုမထမ်းခင်ရက်ပိုင်းအလိုလောက်မှာ ရိုက်ကူးခဲ့တာဖြစ်ပြီးတော့ မထွက်ခင်ကတည်းက ပရိတ်သတ်တွေကြားရေပန်းစားနေတာပါ။

https://s9.kh1.co/__image/w=650,h=648,q=100/74/7467850da6bda8d451daae9605236bdb3f0b2142.png

ကြော်ညာထွက်လာပြီးနောက်ပိုင်းမှာ Compose Coffee  ရဲ့ကျော်ကြားမှုဟာ အရင်ကထက်သိသိသာသာအများကြီးတိုးတက်လာခဲ့ပါတယ်။ ဒါ့အပြင် Compose Coffee ဖက်ကနေထုတ်ပြန်ချက်တွေအရ V နှင့်လက်တွဲပြီးနောက်ပိုင်းမှာ Compose Coffee ရဲ့ဆိုရှယ်မီဒီယာနှင့် App အသုံးပြုသူဦးရေဟာ သုံးသန်းကျော်တိုးလာခဲ့တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/60/60e91262120466aad90502f7fe0e53fa3b170088.png

မကြာသေးခင်က Compose Coffee ရဲ့ဆိုင်ခွဲတစ်ချို့မှာ V ပုံပါဝင်တဲ့ ကော်ဖီခွက်တွေရနေပြီဖြစ်ကြောင်း ဆိုရှယ်မီဒီယာမှာရေပန်းစားသွားခဲ့ပါတယ်။ အဲ့ကနေတစ်ဆင့်အခုဆိုရင် Compose Coffee ဟာ တောင်ကိုးရီးယားရဲ့အစားအစာမှာယူတဲ့ အကြီးဆုံး Delivery Service မှာအဆင့်တစ်နေရာကိုရောက်နေပြီဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=539,h=773,q=100/72/72b4372a1f948a0120f55c36cb1bde7fa50465a9.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T