သမီးဦးလေးပိုင်ဆိုင်သွားပြီဖြစ်တဲ့ မင်းသားလီဆန်းဂီတို့ဇနီးမောင်နှံ

//s9.kh1.co/f2/f2183451b0b048c2bdfbc101c24ab50c9f6c3cd9.jpg
အနုပညာရှင်များ

 ၀၆-ဖေ-၂၀၂၄ ၂pm · လွန်ခဲ့သော ၆ လ က

သမီးဦးလေးပိုင်ဆိုင်သွားပြီဖြစ်တဲ့ မင်းသားလီဆန်းဂီတို့ဇနီးမောင်နှံ

မင်းသားလီဆန်းဂီဟာ ချစ်သူဖြစ်သူမင်းသမီးလီဒါအင်နှင့်မကြာသေးခင်ကမှ လက်ထပ်ပွဲဆင်နွှဲပြီး ချစ်စရာကောင်းတဲ့အိမ်ထောင်ရေးကိုထူထောင်ထားတာဖြစ်ပါတယ်။ နှစ်အကြာကြီးချစ်သူတွေဖြစ်လာခဲ့တဲ့ သူတို့ဟာ မင်္ဂလာမဆောင်ခင်မှာ ပြဿနာတွေအများကြီးကြုံခဲ့ရပေမဲ့ အချစ်မြဲပြီးနောက်ဆုံးအထိလက်တွဲခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/2c/2c2a7bd408edd52d2a709123998252ec2da55953.png

လက်ထပ်ပြီး သိပ်မကြာခင်မှာ ကလေးလေးရှိနေပြီဖြစ်ကြောင်း ပရိတ်သတ်တွေကို အသိပေးခဲ့တဲ့မင်းသားဟာ အခုဆိုရင်သမီးဦးလေးပိုင်ဆိုင်သွားပြီး ဖခင်တစ်ဦးဖြစ်သွားပြီဖြစ်ပါတယ်။ လီဆန်းဂီရဲ့သမီးလေးကို ဖေဖော်ဝါရီငါးရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပြီးတော့ မိခင်နှင့်ကလေးနှစ်ယောက်လုံးကျန်းမာနေတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ 

https://s9.kh1.co/__image/w=564,h=376,q=100/59/592671ef6d2d7fc0f33c037d6a21723a846244ed.png

လီဆန်းဂီဟာ တောင်ကိုးရီးယားအနုပညာလောကမှာ တစ်ကယ့်စွယ်စုံရတဲ့မင်းသားတစ်လက်ဖြစ်တာကြောင့် ပရိတ်သတ်တွေက သူ့ရဲ့လှုပ်ရှားမှုတွေကိုပြန်မြင်ရဖို့စောင့်မျှော်နေကြဆဲဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်းသားမင်းသမီးနှစ်ယောက်လုံးဟာ အနုပညာအလုပ်တွေရပ်နားထားပြီး ကလေးပျိုးထောင်တာကိုပဲအာရုံစိုက်နေကြမယ်လို့ ယူဆရပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/9f/9fb0e56be8519604a4aba3fd918ba3af230e3157.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T