နှစ်တွေအကြာကြီးတွဲခဲ့ပြီးနောက် လက်ထပ်ဖို့စီစဥ်ခဲ့ကြတဲ့ MarkKim စုံတွဲလေးဟာမကြာသေးခင်ကမှ စေ့စပ်ပွဲကို အိမ်သစ်တက်ပွဲနှင့်အတူကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ချင်းမိုင်ဝတ်စုံလေးတွေနှင့် Mark တို့ရဲ့စေ့စပ်ပွဲလေးဟာမီဒီယာတွေမှာ အချိန်အတော်ကြာနေရာယူခဲ့တာဖြစ်ပါတယ်။ ၁၄ ရက်နေ့မှာကျင်းပတော့မယ့် မင်္ဂလာပွဲအတွက် Mark နှင့် Kimmy ဟာအခုဆိုရင် အီတလီကိုသွားနေကြပြီပဲဖြစ်ပါတယ်။


Kimmy ရဲ့အမျိုးတွေရှိတဲ့ အီတလီမှာပထမဆုံးမင်္ဂလာပွဲကိုကျင်းပမယ့် Mark နှင့် Kimmy တို့ဟာ အီတလီသွားနေတဲ့ပုံလေးတွေကိုအင်စတာဂရမ်ကနေတစ်ဆင့်တင်လာခဲ့ပါတယ်။ Kimmy ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ Yaya အတွဲကလည်း Kimmy တို့သွားပြီးမကြာခင်မှာပဲအီတလီကိုထွက်သွားကြတာြဖစ်ပါတယ်။


MarkKim ရဲ့ရင်းနှီးတဲ့မိတ်ဆွေတွေအများစုဟာ မင်္ဂလာပွဲကိုတက်ရောက်ဖို့အီတလီကိုသွားနေကြပြီဖြစ်ပါတယ်။ Mark တို့ဟာ အီတလီမှာပထမဆုံးမင်္ဂလာပွဲကိုကျင်းပပြီးနောက်မှာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလည်း ထပ်ပြီးပွဲကျင်းပကြအုံးမှာဖြစ်ပါတယ်။ ပရိတ်သတ်တွေကတော့ နှစ်ယောက်သားရဲ့မင်္ဂလာပွဲပုံလေးတွေကိုစိတ်လှုပ်ရှားစွာနှင့်စောင့်မျှော်နေကြပြီဖြစ်ပါတယ်။

Source – Kimmy Instagram
#Myanmarload #MarkKim #MarkPrin #Kimmy #Wedding #Itlay