ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်သည်ဘဝအကြောင်းကို ပြောပြခဲ့တဲ့ မင်းသမီး Gong Hyo Jin

//s9.kh1.co/b6/b640f5b302c3200cf414805729fb45f373eec7ed.jpg
အနုပညာရှင်များ

 ၀၁-ဇွန်-၂၀၂၃ ၃pm · လွန်ခဲ့သော တစ်နှစ် က

ဆယ်နှစ်ကျော်အသက်ကွာပေမဲ့ အချစ်ကြောင့်အဆင်ပြေပျော်ရွှင်နေတဲ့ အိမ်ထောင်လေး

တောင်ကိုးရီးယားနိုင်ငံရဲ့ထိပ်တန်းမင်းသမီးဖြစ်တဲ့ Gong Hyo Jin က မကြာသေးခင်က Yujeong's Dining Table ဆိုတဲ့ Youtube ချန်နယ်မှာ သူ့ရဲ့အိမ်ထောင်ကျပြီးဘဝအကြောင်းကိုပြောပြသွားခဲ့ပါတယ်။ သူမဟာ အသက် ဆယ်နှစ်ကွာတဲ့ အဆိုတော် Kevin Oh နှင့် ၂၀၂၂ အောက်တိုဘာလမှာ လက်ထပ်ထားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/a9/a9b9918514020eeebf856588a6492507f341beb5.jpg

သူမဟာ အချစ်ကိုမယုံကြည်တတ်ဘဲ အိမ်ထောင်ပြုတာကိုမကြိုက်တဲ့ သူဖြစ်ပေမဲ့ ခင်ပွန်းဖြစ်သူ Kevin Oh နှင့်တွေ့တဲ့အချိန်မှာတော့ သူမရဲ့ခံယူချက်တွေပြောင်းလဲသွားခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ သူမကိုယ်တိုင်က လူတွေနှင့်ဒိတ်လုပ်တဲ့နေရာမှာမတော်တာကြောင့် တစ်သက်လုံးအိမ်ထောင်ပြုဖြစ်မှာ မဟုတ်ဘူးလို့ထင်နေခဲ့မိကြောင်းပါပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/27/27159ef0b506a512abc16b49e4e27486051d5f58.jpg

အခုဆိုရင်တော့ ခင်ပွန်းဖြစ်သူနှင့်အတူ ပျော်စရာကောင်းပြီးအေးချမ်းတဲ့အိမ်ထောင်သည်ဘဝကို ဖြတ်သန်းနေကြောင်း ခင်ပွန်းဖြစ်သူဟာစိတ်ထားကောင်းလွန်းတာကြောင့် သူ့ကို နတ်သားလေးဆိုတဲ့နာမည်ပြောင်လေးနှင့် ဖုန်းမှာမှတ်ထားတယ်ဆိုတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ လက်ရှိမှာတော့ နှစ်ယောက်သားဟာအနုပညာလှုပ်ရှားမှုတွေပြန်လုပ်ဖို့ အစပြုနေကြတယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/57/574780cedf4b767389246d6c462d1a06f73c3755.jpg
https://s9.kh1.co/__image/w=650,h=366,q=100/06/06714d5de1a5af72a37495e380da69552fa95611.png

သတင်း အရင်းအမြစ်www.kdramastars.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T