ပြင်သစ်မှာ ဇနီးဖြစ်သူသွားချင်တဲ့နေရာကို လိုက်ပို့ပေးပြီး အထူးဂရုစိုက်ပေးနေတဲ့ Song Joong Ki

//s9.kh1.co/b9/b9e71726c1e61e9f5af5093010662ac53021a29b.jpg
အနုပညာရှင်များ

 ၀၁-ဇွန်-၂၀၂၃ ၃pm · လွန်ခဲ့သော တစ်နှစ် က

Song Joong Ki ဟာ ဇနီးဖြစ်သူနဲ့ Cannes မှာ ကြည်နူးစရာ အချိန်လေးကုန်ဆုံးနေတာကို....

မကြာသေးခင်က တောင်ကိုရီးယားမင်းသားချော Song Joong Ki နဲ့ ဇနီးဖြစ်သူ Katy တို့နှစ်ယောက်ကို ပြင်သစ်နိုင်ငံ Cannes မြို့မှာ တွေ့ခဲ့ရပါတယ်။ဇနီးမောင်နှံနှစ်ယောက်ဟာ ပျော်ရွှင်စရာ Date လေးကို အတူတူဖြတ်သန်းနေကြတာဖြစ်ပြီး ပရိသတ်တွေရဲ့ အာရုံကို ရရှိခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/0e/0e9c010d4867c781d91bba323ee6303f9b73b503.jpg

မေလ (၃၁) ရက်နေ့မှာ Song Joong Ki တို့ ဇနီးမောင်နှံ Cannes မှာ ချိန်းတွေ့နေတာကို လမ်းသွားလမ်းလာတစ်ဦးက ရိုက်ကူးခဲ့ပြီး ဖြန့်ဝေခဲ့ပါတယ်။ဓာတ်ပုံထဲမှာ Song Joong Ki ဟာ ကိုယ်ဝန်ဆောင်ဇနီးသည်ကို ဂရုစိုက်ပေးပြီး ချစ်ခင်ကြင်နာတဲ့ အမူအရာကို ပြသခဲ့ပါတယ်။

https://s9.kh1.co/__image/w=558,h=1024,q=100/43/43e5f336940762cb9d7dce8bd42371899c862c00.jpg

ချစ်ဇနီးသည်အနားမှာ ရှိနေတာကြောင့် Song Joong Ki ဟာ ပြုံးပျော်နေတာကိုလည်း ပရိသတ်တွေက သတိထားမိခဲ့ကြပါတယ်။ဇနီးမောင်နှံနှစ်ယောက်ဟာ Cannes မှာ မကြာခဏချိန်းတွေ့နေခဲ့ကြပြီး အားလပ်ချိန်တွေကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ကြတာပဲ ဖြစ်ပါတယ်။မကြာသေးခင်ကလည်း မန်နေဂျာမပါပဲ ဇနီးမောင်နှံနှစ်ယောက်အတူတူ ဈေးဝယ်ထွက်ခဲ့ကြောင်းလည်း သတင်းတွေအရ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/59/59527eb63a6ebb1fbb2ebe9a1e54ccd56307f350.avif

Song Joong Ki ဟာ မီးဖွားခံနီးနေတဲ့ ဇနီးဖြစ်သူကို အချိန်ပေးပြီး ပျော်အောင်ထားနေတာလည်း ဖြစ်ပါတယ်။အင်တာဗျူးတစ်ခုမှာလည်း Song Joong Ki က  ကျန်တဲ့အရာတွေထက်  ကလေးမီးဖွားဖို့ကိုပဲ အာရုံစိုက်ထားကြောင်း ဝန်ခံခဲ့တာကြောင့် ပရိသတ်တွေရဲ့  ချီးကျူးမှုကို ခံခဲ့ရပါသေးတယ်။ဇနီးသည်ကို အရမ်းချစ်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ပါပဲနော်။

https://s9.kh1.co/__image/w=650,h=851,q=100/10/1089c933accb500480e87b403e835482b6ff3a48.jpg

Photos : Credit 

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T