ထိုင်းမင်းသမီး Prang Kannarun နဲ့ Rap အဆိုတော် Twopee တို့ အတွဲက (၁၀) နှစ်ကျော် လက်တွဲခဲ့ကြပြီး လက်ထပ်ခွင့်တောင်တောင်းပြီးမှ နောက်ဆုံးမှာ သဘောထားကွဲလွဲလို့ဆိုပြီး နှစ်ဦးသားလမ်းခွဲဖို့ ဆုံးဖြတ်လိုက်ကြတာပဲ ဖြစ်ပါတယ်..

လမ်းခွဲပြီးနောက်ပိုင်းမှာတော့ Twopee ကြယ်ပွင့်က ချစ်သူသစ် Ploy Chermarn နဲ့တွဲနေပြီး Prang Kannarun ကတော့ ဘယ်သူနဲ့ တွဲနေတယ်ဆိုတဲ့ သတင်းကို မကြားရသေးပါဘူး..

သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ရှာဖွေဖို့ လမ်းခွဲလိုက်တာလို့ဆိုပေမယ့် မကြာသေးမီက Fan တွေက Prang ရဲ့ ပို့စ်နဲ့ Twopee တို့ရဲ့ အချစ်ရေးအသစ်ဆိုပြီး ပြောနေကြပါတယ်.. Prang ကတော့ လက်ရှိအချိန်ထိ ခံစားချက်တွေ မကုန်သေးဘဲ Feel နေတုန်းပဲ ရှိပါသေးတယ်.. Twopee ကတော့ ချစ်သူအသစ်လေးနဲ့ ပျော်နေပြီး ကောင်မလေးကလည်းချောတာကြောင့် ပရိသတ်တွေက Prang ကို သနားနေကြပါတယ်..


ဒါပေမယ့် Prang က သူဝမ်းနည်းစရာကောင်းတဲ့ Afeel သီချင်းတွေကို ဟာသပုံစံမျိုးနဲ့ Share လေ့ရှိပြီး တကယ်တော့သူမက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အခုချိန်အထိ အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုပါတယ်..


Source – Popular.com
#Thai #Myanmarload #Prang