ပြဿနာတချို့ကြောင့် SM Entertainment နဲ့ စာချုပ်ဖျက်သိမ်းလိုက်တဲ့ Baekhyun၊ Xiumin နဲ့ Chen

//s9.kh1.co/c1/c1b51b94feaa4725327372635c6ee2701c33bb9a.jpg
အနုပညာရှင်များ

 ၀၁-ဇွန်-၂၀၂၃ ၂pm · လွန်ခဲ့သော တစ်နှစ် က

SM Entertaint နဲ့ ဟာ Exo အဖွဲ့ဝင်တွေရဲ့ အနုပညာကြေးနဲ့ပက်သက်ပြီး.....

EXO အဖွဲဝင် Baekhyun၊ Xiumin နဲ့ Chen တိုဟာ သူတိုရဲ့ အေဂျင်စီဖြစ်တဲ့ SM Entertainment နဲ့ စာချုပ်ဖျက်သိမ်းပြီး တရားစွဲတော့မယ်လို သိရပါတယ်။အနုပညာကြေးနဲ့ ဆိုင်တဲ့ ပြဿနာတွေကြောင့်လို သိရပြီး ပရိသတ်တွေအနေနဲ့လည်း အံ့ဩခဲ့ကြရပါတယ်။

https://s9.kh1.co/__image/w=640,h=336,q=100/ec/ecf1b7ae95e2e9329aa09ee2db45b42bec9ae937.jpg

သူတိုရဲ့ရှေ့နေပြောကြားချက်အရ အဖွဲဝင်သုံးယောက်လုံးဟာ မတ်လ (၂၁) ရက် ကနေစပြီး ယနေ့အချိန်အထိ အသိအမှတ်ပြုလက်မှတ် (၇) ကြိမ်အထိ ပေးပိုခဲ့ပြီး အဲ့ကနေတစ်ဆင့် ပွင့်လင်းမြင်သာတဲ့ ဖြေရှင်းမှုနဲ့ ပြေလည်မှု မိတ္တူကို တောင်းဆိုခဲ့‌ပေမယ့် ငြင်းပယ်ခဲ့တာကြောင့် အခုလို တရားစွဲမယ့်အခြေအနေအထိဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=469,h=653,q=100/ce/ce86937b6b65f1663e65be3c25df6c59d5b630ba.jpg

ဆက်လက်ပြီး SM Entertainment က အနုပညာရှင်တွေကို သက်တမ်း (၁၇) နှစ်ကနေ (၁၈) နှစ်အထိ သီးသန့်စာချုပ် ချုပ်ဆိုဖို ကြိုးစားနေတယ်လို သိရပြီး အနုပညာရှင်တွေအပေါ်ကို အာဏာသုံးပြီး လုပ်တဲ့အခုလို အပြုအမူကို မကျေနပ်ခဲ့ကြတာကြောင့်လည်း အခုလို ဆုံးဖြတ်ချက်မျိုးချမှတ်ခဲ့တာ ဖြစ်တယ်လို ရှေ့နေရဲ့ ပြောကြားချက်အရ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=399,q=100/1f/1f4b78c79391f37ed0ccdd5906dcd7c6db79dbed.jpg

နောက်ဆုံးမှာတော့ Baekhyun၊ Xiumin နဲ့ Chen တိုဟာ သူတိုကို စိတ်ပူစေခဲ့တဲ့အတွက် ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။ပရိသတ်အချစ်တော် သုံးယောက်က စိတ်ပူစေခဲ့တဲ့အတွက် တောင်းပန်ပါတယ်၊ ဒီပြဿနာကို ကျွန်တော်တို အကောင်းဆုံး ဖြေရှင်းသွားပါမယ် လို တောင်းပန်စကားပြောကြားခဲ့ပါတယ်။ပရိသတ်တွေကလည်း သူတိုအချစ်တော်တွေကို စိတ်ပူနေကြပြီး ဘာဆက်ဖြစ်မလဲ အထူးစိတ်ဝင်စားနေကြပါတယ်။

https://s9.kh1.co/__image/w=650,h=419,q=100/bf/bfe1d606edb4c2735ad78984e5514ab14f54f806.jpg

Photos : Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T