နက္ခတ်ပညာအရ ၂၀၂၃ မှာကံအဆိုးဆုံးဖြစ်တဲ့ ရာသီခွင်(၃)ခု

//s9.kh1.co/cf/cfe95cb2108868ff6d098a917c38d8a0c789698f.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-ဇွန်-၂၀၂၃ ၁၀am · လွန်ခဲ့သော တစ်နှစ် က

ကံဆိုးမဲ့နှစ်ဖြစ်တာကြောင့် သတိထားရမဲ့ရာသီခွင်တွေ

နက္ခတ်ပညာရှင်တွေရဲ့ခန့်မှန်းချက်တွေအရ ဒီနှစ်အပိုင်းအခြားမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ ကံဆိုးမှုတွေအများဆုံးကြုံရမဲ့ရာသီခွင် (၃) ခုကိုဖော် ပြသွားပါမယ်။ ကံဆိုးမယ်ဆိုတာထက် ဒီရာသီခွင်တွေဟာ တစ်ခြားသူတွေထက်ပိုပြီးဘဝကိုစိန်ခေါ် မှုဖြစ်စေတဲ့ အဖြစ်အပျက်တွေ မခန့်မှန်းနိုင်တဲ့အခက်အခဲတွေကို ရင်ဆိုင်ရမယ်လို့ဆိုလိုတာ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=277,q=100/82/82a8fc85345a5cc0010a5ab56f8dfc26b4fb601e.jpg

(၁) သိဟ် (Leo)

ဂျူလိုင် ၂၂ ကနေ သြဂုတ် ၂၃ နေ့အတွင်းမွေးဖွားတဲ့ သိဟ်ရာသီခွင်ဖွားတွေအတွက်တော့ ၂၀၂၃ ဟာ ကိုယ့်ဘေးနားကဆက်ဆံရေးနှင့် လူတွေကို စစ်ထုတ်ပေးမဲ့ နှစ်လို့ဆိုနိုင်ပါတယ်။ ဒီနှစ်အတွင်းမှာ ကိုယ့်‌ဘေးက မိတ်ဆွေတွေရဲ့ မထင်ထားတဲ့သစ္စာဖောက်မှုတွေ အထင်လွဲမှုတွေ စတဲ့ခင်မင်မှုကိုစမ်းသပ်တဲ့ဖြစ်ရပ်တွေ ခဏခဏကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်ဒီနှစ်အတွင်းမှာ ဆက်ဆံရေးအသစ်တွေတည်ဆောက်တာ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်သင့်ပါဘူး။ 

https://s9.kh1.co/__image/w=400,h=462,q=100/7e/7e2fcf193c2ee092abd5aa472c4cb876d18f737e.jpg
https://s9.kh1.co/__image/w=650,h=404,q=100/47/47aacf81fd34634935d7e9f9f6c8fb0cc95efe48.jpeg

(၂) ကုံ ( Aquarius) 

ဇန်နာဝါရီလ ၂၁ ကနေ ဖေဖော်ဝါရီ ၂၀ အတွင်းမွေးဖွားတဲ့ ကုံရာသီဖွားတွေအတွက်လည်း ဒီနှစ်အတွင်းမှာ အခက်အခဲတွေတော်တော်လေးကြုံတွေ့ရနိုင်ခြေရှိပါတယ်။ အဓိကအားဖြင့် ငွေကြေးပိုင်းနှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပိုင်းတွေမှာ ကြီးကြီးမားမားပြောင်းလဲသွားတာမျိုးကြုံတွေ့ရနိုင်ပါတယ်။ ငွေကြေးပမာဏအများကြီးကို လိမ်လည်ခံရတာ ဒါမှမဟုတ် ကိုယ့်ရဲ့သိက္ခာပိုင်းနှင့်ပတ်သက်ပြီး ပြဿနာတွေတက်တာ စတဲ့အခက်အခဲတွေကို ခဏခဏတွေ့ကြုံရနိုင်ပါတယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်တွေကနေတစ်ဆင့် ပိုပြီး ကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်လာနိုင်တဲ့ အခွင့်အရေးတွေလည်း ရလာမှာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=400,h=447,q=100/7b/7b1c79867f53232e79bbe17bb542faeccfe803e1.jpg
https://s9.kh1.co/__image/w=650,h=541,q=100/d6/d6991980d518d5eef0a1b9741f2c18717f3e378b.jpg

(၃) မိန် ( Pisces) 

ဖေဖော်ဝါရီလ ၂၀ ကနေ မတ်လ ၂၁ အတွင်းမွေးဖွားတဲ့ မိန်ရာသီဖွားတွေကလည်း  ၂၀၁၃ ခုနှစ်မှာ အတိတ်ကအကြောင်းအရာတွေကြောင့် အခက်အခဲတွေကြုံတွေ့ရမဲ့ရာသီခွင်ဖြစ်ပါတယ်။ ကိုယ်မေ့နေလောက်ပြီဖြစ်တဲ့ အတိတ်ကအကြောင်းအရာတွေပေါ်ပေါက်လာပြီးတော့ အဲ့တာနှင့်ဆိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေက အခုလက်ရှိဘဝကိုပါအနှောင့်အယှက်ပေးမှာဖြစ်ပါတယ်။ အဓိက အလုပ်အကိုင်နှင့်ပတ်သက်တဲ့ အစီအစဥ်တွေကို နှောင့်နှေးစေပြီး ကြီးမားတဲ့ဆုံးရှုံးမှုတွေကို ကြုံတွေ့ရနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/e0/e06fbc5e51aa44e141deeb73c7c4a1998e70b4d1.webp

သတင်း အရင်းအမြစ်stylecaster.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T