လူကြီးလေးတွေအနေနဲ့ Return of Superman မှာပါဝင်လာတဲ့ ဂျူမုံမင်းသားကြီးရဲ့အမွှာသား ၃ ယောက်

//s9.kh1.co/59/59e9f547eea0929d56ae931a58f8150238b62ef2.jpg
အနုပညာရှင်များ

 ၂၉-မေ-၂၀၂၃ ၁၁am · လွန်ခဲ့သော တစ်နှစ် က

🥰

တောင်ကိုရီးယားမင်းသားကြီး Song Il-kook ဟာဆိုရင် တစ်ခေတ်တစ်ခါက ဂျူမုံဇာတ်လမ်းထဲမှာ ပါဝင်ရင်း ပရိသတ်တွေကြား နာမည်ကြီးခဲ့တဲ့သူဖြစ်ပါတယ်။ ဂျူမုံမင်းသားကြီး Song Il-kook က ၂၀၀၈ ခုနှစ်မှာ ချစ်ဇနီးလေးနဲ့ လက်ထပ်ခဲ့ပြီး သာယာပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကို ရရှိပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ မင်းသားကြီး Song Il-kook ဆီမှာ ဒယ်ဟန် ၊ မင်ဂွတ်နဲ့ မန်ဆယ်လို့ခေါ်တဲ့ သားလေး ၃ ယောက်ရှိပြီး ချစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးကြပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/07/0736445909e4df0f13a01935c3a3fceb0794b2b8.jpg

ဒယ်ဟန် ၊ မင်ဂွတ် နဲ့ မန်ဆယ်တို့က မတ်လတုန်းက အသက် ၁၁ နှစ်ပြည့်သွားကြပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ဆယ်ကျော်သက်အရွယ် အမွှာလေး ၃ ယောက်က အရမ်းချစ်ဖို့ကောင်းပြီး ရုပ်လေးတွေချောကာ လူကြီးလေးတွေတောင် ဖြစ်နေကြပါပြီ။ ဒယ်ဟန် ၊ မင်ဂွတ် နဲ့ မန်ဆယ်တို့ ၃ ယောက်က ကလေးဘဝတုန်းက Return of Superman အစီအစဉ်မှာ ပါခဲ့ကြတာဆိုပေမယ့် အရွယ်ရောက်လာတဲ့အချိန်မှာတော့ အစီအစဉ်ထဲကနေ နှုတ်ထွက်ခဲ့ကြပါတယ်။ ဒါ ပေမယ့်လည်း Return of Superman အစီအစဉ်ရဲ့ ဖိတ်ခေါ်ချက်အရ လက်ရှိမှာ အစီအစဉ်ထဲ ပြန်လည်ပါဝင်ခွင့်ရရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/44/441b5d0a0f78bc6c42399f253fbfbfea983cc69d.jpg
https://s9.kh1.co/__image/w=650,h=813,q=100/d6/d6457fc6aa222d01c0c5a744cd818565c54a94ce.jpg

လူကြီးလေးတွေအနေနဲ့ အစီအစဉ်ထဲ ပြန်လည် ပါဝင်ခွင့်ရရှိခဲ့တဲ့ ဒယ်ဟန် ၊ မင်ဂွတ် နဲ့ မန်ဆယ်တို့သုံးယောက်ရဲ့ Return of Superman ထဲက ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/2c/2cfcf5e8a8f991f668417e6bcf4c41ff30fb44a7.jpg

#Myanmarload #Return of Superman #Song Il-kook

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T