ဆွဲဆောင်မှုရှိတဲ့အမျိုးသားတစ်ယောက်ဖြစ်လာအောင် နေထိုင်နည်း

//s9.kh1.co/58/5852447b9e112a0db79d6e247c64ec4306ec28c5.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-မေ-၂၀၂၃ ၂pm · လွန်ခဲ့သော ၁၀ လ က

အမျိုးသမီးတွေသဘောကျတတ်တဲ့ အပြုအမူတွေ

အမျိုးသမီးအများစုဟာ ရုပ်ရည်ဆိုတာကိုသဘောကျတာထက် အမျိုးသားတစ်ယောက်ကို သူတို့ရဲ့ဆွဲဆောင်မှုကိုပဲကြည့်ပြီးသဘောကျတတ်ကြပါတယ်။ ဒါဆိုဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက်ဖြစ်အောင်ဘယ်လိုတွေလုပ်ရမလဲဆိုတာကို‌ ဖော်ပြ ပေးသွားပါမယ်။

https://s9.kh1.co/__image/w=650,h=488,q=100/b9/b9ed00aca6922b43e6b1189f545d1c32d6b4595a.jpg

(၁) ဦးဆောင်တတ်တဲ့အပြုအမူရှိတဲ့ အမျိုးသားတွေဟာပုံမှန်သူတွေထက်ဆွဲဆောင်မှုရှိပြီးတော့ လူကြိုက်များပါတယ်။ အမျိုးသမီးအများစုဟာ သူတို့ကိုဦးဆောင်မှုပေးနိုင်ပြီး ယုံကြည်နိုင်တဲ့သူမျိုးကိုပဲ လက်တွဲဖော်အဖြစ်ရွေးချယ်လေ့ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=445,q=100/56/5677cb038c4b84a33c6c35822c9fe2c5fc602080.webp

(၂) ‌လူတွေပြောတာကို သေချာလက်ခံပေးပြီးနားထောင်ပေးတတ်တဲ့ အမျိုးသားတွေဟာစကားပြောကောင်းတဲ့လူတွေထက်ပိုပြီးဆွဲဆောင်မှုရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=445,q=100/b7/b75cb4ff19db43418afb4b88a79c2590fcca5dd2.webp

(၃) ဟာသဉာဏ်ရှိတဲ့ အမျိုးသားတွေဟာလည်း ဆွဲ‌ဆောင်မှုရှိတဲ့အမျိုးသားတွေဖြစ်ပါတယ်။ တစ်ချိန်လုံး ဟာသတွေပဲထိုင်ပြောနေတာမဟုတ်ဘဲအချိန်အခါနှင့်ကိုက်ညီတဲ့ဟာသဉာဏ်ရှိတဲ့ အမျိုးသားတွေဟာအမျိုးသမီးတွေအတွက်ဆွဲဆောင်မှုအရှိဆုံးပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/6a/6a1004d43eb3f95aad17cccd56fd7fb1e75e1b91.webp

(၄) အားကစားတော်တဲ့ အမျိုးသားတွေကလည်း အမျိုးသမီးတွေသဘောကျတတ်တဲ့ပုံစံဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အမျိုးသမီးတွေဟာသူတို့ကိုယ်တိုင်ကအားကစားမှာသိပ်မတော် ကြတာကြောင့် အားကစားတစ်ခုခုမှာထူးချွန်တဲ့အမျိုးသားတွေကိုဆို ပိုသဘောကျတတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=444,q=100/a3/a3b0522f7e6025bd53e652e3fe9e3c16bdc3b467.webp

(၅) အဝတ်အစားဝတ်ဆင်တာနှင့် သပ်သပ်ရပ်ရပ်ဖြစ်တဲ့အမျိုးသားတွေဟာလည်းအမျိုျိုမီးတွေသဘောကျတဲ့ပုံစံဖြစ်ပါတယ်။ စျေးကြီးတဲ့အဝတ်အစားတွေဝတ်တာကိုဆိုလိုတာမဟုတ်ဘဲ သပ်သပ်ရပ်ရပ်နှင့်ကြည့်ကောင်းအောင်ဝတ်ဆင်တတ်တဲ့ အမျိုးသားတွေကိုဆိုလိုတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=612,h=408,q=100/ef/ef43eda725e82445b07bf7d8f19727c3e6c85210.jpg

(၆) ရည်မွန်တဲ့အပြုအမူနှင့် သိမ်မွေ့တဲ့စိတ်ထားရှိသူတွေကလည်း အမျိုးသမီးတွေရဲ့စိတ်ကိုဖမ်းစားနိုင်တဲ့ အမျိုးသားတွေပဲဖြစ်ပါတယ်။ အတူတူရှိနေတဲ့အချိန် အလိုက်တသိရေဘူးအဖုံးဖွင့်ပေးတာ၊ ခုံနေရာရွှေ့ပေးတာလိုမျိုး အသေးအမွှားအပြုအမူလေးတွေကလည်း အမျိုးသမီးတွေအတွက်ဆွဲဆောင်မှုရှိတဲ့အချက်ပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=444,q=100/b4/b4acdef1f1b68ebb95b95d2baa3a2603a78512ff.webp

(၇) ရိုမန့်တစ်ဆန်တတ်တဲ့ အမျိုးသားတွေကိုသဘောမကျတဲ့အမျိုးသမီးဆိုတာမရှိပါဘူး။ အမျိုးသားတွေအများစုဟာ ရိုမန့်တစ်ဆန်တဲ့ကိစ္စတွေကိုဂရုမစိုက်တတ်ကြပေမဲ့ အမှတ်တမဲ့လက်ဆောင်အသေးလေးတွေဝယ်ပေးတာမျိုး ကိုယ်ရောက်နေတဲ့နေရာရဲ့ရှုခင်းလေးတွေကို ပုံရိုက်ပို့ပေးတာမျိုးဟာ အလေးထားတဲ့ပုံပေါ်စေပါတယ်။

https://s9.kh1.co/__image/w=650,h=444,q=100/26/26b24731950b61b17043bddb1db2c809c7d4c57e.webp

သတင်း အရင်းအမြစ် www.realmen.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T