နှစ်တွေအကြာကြီးနေမှ ပြန်ဆုံရလို့ ဝမ်းသာနေကြတဲ့ ထူးခန့်ကျော်နဲ့ ကျော်ကျော်တို့ အနုပညာညီအကိုနှစ်ယောက်

//s9.kh1.co/18/1824a620e97c5eea0cce4947496b7fa6ef9b645d.jpg
အနုပညာရှင်များ

 ၂၆-မေ-၂၀၂၃ ၁pm · လွန်ခဲ့သော တစ်နှစ် က

မတွေ့တာကြာပြီဖြစ်တဲ့ ညီအကိုနှစ်ယောက်တွေ့ဆုံမှုဟာ......

ပရိသတ်အချစ်တော် မင်းသားကြီး ထူးခန့်ကျော်ဟာ မကြာသေးခင်က သူ့ရဲ့ Facebook အကောင့်မှာ Post လေးတစ်ခုမျှဝေခဲ့ပါတယ်။ထူးခန့်ကျော်ဟာ သရုပ်ဆောင် ကျော်ကျော် သူ့ဆီလာလည်တဲ့ ပုံလေးတွေကို ကြည်နူးစရာစာသားလေးနဲ့ မျှဝေခဲ့တာ ဖြစ်ပြီး ပရိသတ်ကြီးကလည်း သဘောကျခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=716,q=100/5f/5f8cbe0e89148ca4d3498b5ef3df3276cb89501a.jpg

ထူးခန့်ကျော်နဲ့ ကျော်ကျော်တို့ဟာ ရင်းနှီးကြတဲ့ မိတ်ဆွေတွေဖြစ်ကြပြီး မဆုံဖြစ်တာ အချိန်အတော်ကြာပြီလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ထူးခန့်ကျော်ဟာ မတွေ့တာကြပြီဖြစ်တဲ့ ညီလေး ကျော်ကျော်ကို အလွမ်းတွေအပြည့်နဲ့ အားရပါးရနမ်းနေခဲ့တာ တွေ့ခဲ့ရပါတယ်။ကျော်ကျော်ကလည်း အကိုကြီးနဲ့ပြန်ဆုံရလို့ ကလေးလေးတစ်ယောက်လို ပျော်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=1156,q=100/8f/8fe5093974f7b205ee34512f4fe5861a6ed0f038.jpg

ထူးခန့်ကျော်က ``မင်းသားလေးနဲ့မတွေ့တာနှစ်တွေအတော်ကြာခဲ့ပြီလေ အရင်တုန်းထဲကချစ်ခဲ့ရသောညီလေး အခုအမှတ်မထင်အိမ်ရောက်လာလို ဝမ်းသာအားရဖြစ်ပြီးရင်ဘတ်ထဲက အားကြီးနဲ့သားတယောက်လိုနမ်းပစ်လိုက်တယ် ‘’ ဆိုတဲ့ စာသားလေးနဲ့ မျှဝေခဲ့တာဖြစ်ပါတယ်။သူတို့ကိုချစ်ကြတဲ့ ပရိသတ်ကြီးကလည်း ညီအကိုနှစ်ယောက်ရဲ့ အပျော်တွေကို ထပ်တူခံစားခဲ့ကြပါတယ်။အရမ်းပျော်နေကြတဲ့ ညီအကိုနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးထံ မျှဝေပေးလိုက်ရပါတယ်။

https://s9.kh1.co/__image/w=650,h=716,q=100/5f/5f8cbe0e89148ca4d3498b5ef3df3276cb89501a.jpg

Photos : Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T