ဒေါင်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ထိုင်းဇာတ်လမ်းတွဲ "ကျောက်ဖရားမှဧရာဝတီသို့" ဇာတ်လမ်းတွဲဟာ ဆုကြီးနှစ်ဆု သိမ်းပိုက်

//s9.kh1.co/c1/c19a828bf771a130452429d8f8dbbb5a4e6528c9.jpg
အနုပညာရှင်များ

 ၂၆-မေ-၂၀၂၃ ၁၀am · လွန်ခဲ့သော တစ်နှစ် က

ပြည်သူ့အမျိုးသား ဒေါင်း ရဲ့ ဖက်ရှင်ကို မြန်မာပရိသတ်သာမက ထိုင်းပရိသတ်တွေကပါ ကြွေ..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ယမန်နေ့ည က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်ကျင်းပတဲ့ Nine Entertainment Awards 2023 ပွဲ မှာ မြန်မာ အနုပညာရှင်များဖြစ်ကြတဲ့ သရုပ်ဆောင်ဒေါင်း နဲ့ အလှမယ် နှင်းသွေးယုအောင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ထိုင်းဇာတ်လမ်းတွဲ "ကျောက်ဖရားမှ ဧရာဝတီသို့ " ရုပ်သံဇာတ်လမ်းတွဲဟာ ဆုကြီးနှစ်ဆုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ် ။

Photo Credit From Original Uploader
Photo Credit From Original Uploader

"ကျောက်ဖရားမှ ဧရာဝတီသို့ " ဇာတ်လမ်းတွဲဟာ

Nine Entertainment Awards 2023 မှာ Creative Team of the Year (တစ်နှစ်တာအကောင်းဆုံးဖန်တီးနိုင်မှု) နှင့် Drama of the Year (တစ်နှစ်တာအကောင်းဆုံး ဇာတ်ကားဆု) နှစ်ဆု လုံးကို ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သလို အဆိုပါ ဆုနှစ်ဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာနများရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အဆိုပါ ဆုချီးမြှင့်ပွဲကို ဒေါင်းမှ ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ဆုယူရန် စင်မြင့်ထက်ပေါ်တက်လာတဲ့အခါမှာလည်း မြန်မာပရိသတ်များကို လွမ်းပြီး သတိတရရှိနေပါကြောင်း ၊ မြန်မာပရိသတ်များကို တကယ်ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒေါင်း ရဲ့ ပွဲတက်ဖက်ရှင်ကို ပရိသတ်တွေအားလုံးက သဘောကျသလို ဒေါင်းကိုလည်း ပရိသတ်အတော်အများက အားပေးနေခဲ့ကြပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T