တောင်ကိုရီးယားမင်းသားချော Song Joong Ki ဟာ မေလ(၂၄) ရက်နေ့က ပြင်သစ်နိုင်ငံ Salle Debussy၊ Palais des Festivals၊ Cannes မှာ ကျင်းပတဲ့ 76 ကြိမ်မြောက် Cannes ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့ပါတယ်။ဒါပေမယ့် မျှော်လင့်ထားသလို ချစ်ဇနီးလေးနဲ့အတူမတက်ရောက်ခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့အားမလိုအားမရ ဖြစ်ခဲ့ကြပါတယ်။

အဆိုပါ Cannes ရုပ်ရှင်ပွဲတော်မှာ Song Joong Ki ရဲ့ `` Hopeless ‘’ ရုပ်ရှင်ကားကို ပြသခဲ့ပါတယ်။အစောပိုင်းမှာ ဇနီးဖြစ်သူ katy နဲ့အတူ တက်ရောက်မယ်လို့ စီစဉ်ထားခဲ့ပေမယ့် ထင်ထားသလိုဖြစ်မလာခဲ့တာ ဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ပရိသတ်တွေဟာ Song Joong Ki အနေနဲ့ ဇနီးဖြစ်သူကို ဘာ့ကြောင့်မခေါ်ခဲ့လဲဆိုတာကို စိတ်ဝင်စားခဲ့ကြပါတယ်။

အကြောင်းကတော့ Katy က ကိုယ်ဝန်ရင့်မာနေတာကြောင့် ဇာတ်လမ်းရဲ့ ကြမ်းတမ်းတဲ့သရုပ်ဖော်မှုတွေကို ကြည့်ဖို့မသင့်တော်ဘူးလို့ ယူဆပြီး မခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့် Song Joong Ki အနေနဲ့ Katy အပေါ်ထားတဲ့ ချစ်မေတ္တာကို တွေ့နိုင်ပြီး ပရိသတ်တွေကလည်း ဇနီးဖြစ်သူကို ချစ်တတ်တဲ့ စိတ်ကို ချီးကျူးခဲ့ကြပါတယ်။

မကြာသေးခင်က အင်တာဗျူးမှာလည်း Song Joong Ki က ကျန်တဲ့အရာတွေထက် ရင်သွေးလေးကိုသာ အာရုံစိုက်ထားကြောင်း ဝန်ခံခဲ့ပါသေးတယ်။ဒါ့ကြောင့်လည်း သူဟာ ရုပ်ရှင်ပွဲတော်ကို တစ်ယောက်တည်းတက်ခဲ့ပြီး ဇနီးဖြစ်သူကို အိမ်မှာအနားယူခိုင်းခဲ့တာဖြစ်ပါတယ်။

photos : credit