ရေဘေးသင့် ပြည်သူတွေအတွက် အလှူငွေအမြောက်အများ လှူဒါန်းခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည်

//s9.kh1.co/cb/cb54b8e58fdd461adc28cba22addfa07a0cd58fc.jpg
အနုပညာရှင်များ

 ၁၉-မေ-၂၀၂၃ ၃pm · လွန်ခဲ့သော တစ်နှစ် က

ဝတ်မှုန်ရွှေရည်ဟာ နေထိုးထံမှတစ်ဆင့်....

ပရိသတ်အချစ်တော်မင်းသမီးတစ်ဦးဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်ဟာ မိုခါမုန်တိုင်းသင့်ပြည်သူတွေအတွက် အလှူငွေများလှူဒါန်းခဲ့ပါတယ်။ပရိသတ်တွေကလည်း မင်းသမီးရဲ့ အလှူကို သာဓုသုံးကြိမ် ခေါ်ဆိုခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=862,q=100/e9/e9dc54c5036de3b8a2b7eb7cbcffae0f1b0aea69.jpg

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ဟာ မုန်တိုင်းဒဏ်ကို များစွာခံစားခဲ့ရပြီး လူ၊နေအိမ်၊အဆောက်အအုံ အချို့ပျက်ဆီးခဲ့ရပါတယ်။ဒါ့ကြောင့် ပျက်ဆီးဆုံးရှုံးသွားတဲ့ အရာတွေကို ပြန်လည်ပြုပြင်ဖို့ ပြည်သူတွေဟာ ပြည်သူအချင်းချင်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းကူဖေးမခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/2d/2dc6b527860db88d6ecdd4e5d54a06699b2553ec.jpg

ထိုထဲမှာ ပြည်သူချစ်အနုပညာရှင် ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည် လည်း အပါအဝင်ဖြစ်ပြီး ရေဘေးသင့်ရခိုင်ပြည်သူတွေအတွက် အလှူငွေကျပ် သိန်း (၁၀၀) တိတိကို လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်ဟာ လိုအပ်တဲ့နေရာတွေမှာ အသုံးပြုဖို့ အခုလို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။အလှူငွေတွေကို ထပ်ဆင့်အကယ်ဒမီ နေတိုးကတဆင့်လှူဒါန်းခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း မင်းသမီးရဲ့စေတနာမေတ္တာကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/ac/ac63eb09933a776d8f0e430eace08c8b438a3725.jpg

Photos : Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T