ထိုင်းမင်းသမီး Davika သူ့သူငယ်ချင်းတွေဖြစ်ကြတဲ့ ထိုင်းမင်းသမီး Mew Nittha , Mint Chalida ၊ Margie Rasri တို့နဲ့အတူ Video Vlog ရိုက်ပြီး သူမရဲ့ Youtube Channel မှာ တင်ခဲ့ပါတယ်.. ဒီ Video ထဲမှာ ပြောခဲ့ တချို့သောအကြောင်းအရာတွေက အနုပညာရှင်တွေကို ထိခိုက်သလိုဖြစ်စေတာကြောင့် ပရိသတ်တွေကြားမှာလည်း ဝေဖန်မှုတွေရှိသလို အနုပညာရှင့်အချင်းချင်းကြားမှာလဲ ပြောဆိုမှုတွေ ရှိနေပါတယ်..


သူတို့တွေပြောခဲ့တဲ့ စကားထဲမှာ Bella နဲ့ အဆင်မပြေမှုတွေလဲ ပါနေတာကြောင့် လတ်တလောမှာတော့ Bella က အမြင်လွဲမှားမှုတွေကို ဖြေရှင်းခဲ့တာပါ.. Bella က Interview တစ်ခုမှာတော့ “ မထင်မှတ်ထားလောက်အောင် ကြီးမားတဲ့ လွဲမှားသွားမှုတွေကြောင့်ရယ် ကိစ္စသေးသေးမို့ရယ်ကြောင့် ဖြေရှင်းဖို့လည်း လိုမယ်လို့မထင်ပါဘူး.. ရှုပ်လေရှင်းလေဖြစ်နေတာကြောင့် မသက်ဆိုင်တဲ့သူတွေတောင်ပါ အခုဆိုရင် ပါလာခဲ့ပါပြီ…ဒီ Program မှာ ကျွန်မနာမည် ပါလာလာချင်းတုန်းကဆိုရင် အံ့ဩခဲ့သွားခဲ့ရတယ်.. Margie ကလဲ ကျွန်မဆီကို ဖုန်းဆက်ပြီး အကြောင်းအရာ အားလုံးကို ပြောပြခဲ့တယ်.. ကျွန်မက ဘယ်သူနဲ့မှလဲ ရန်ငြိုးရန်စ မရှိခဲ့ပါဘူး.. ” လို့ ဖြေကြားခဲ့ပါတယ်..



ထိုင်းမင်းသမီး Bella ကတော့ သူမလျှောက်လှမ်းခဲ့တဲ့ အနုပညာလောကမှာ အရှုပ်အရှင်းကင်းကင်းနဲ့ နေခဲ့သူဖြစ်သလို အခုလိုပြသနာတွေမှာလဲ သူမ မပါဝင်ကြောင်း လူတိုင်းရဲ့ သံသယတွေကို ရှင်းပေးခဲ့တာပဲ ဖြစ်ပါတယ်..


သတင်း အရင်းအမြစ်៖ Popular.com