မကြာသေးမီက တရုတ်နိုင်ငံရဲ့ လူမှုကွန်ရက် Weibo မှာ တရုတ်နာမည်ကြီး အမှတ်တံဆိပ်တစ်ခုရဲ့ ၇၅ နှစ်မြောက် အထိမ်းအမှတ် အနေနဲ့ ပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်.. ဒီ Event မှာ "Once Upon a Time" ဇာတ်ကားထဲက မင်းသား နဲ့ မင်းသမီး ဖြစ်တဲ့ Liu Yifei နဲ့ Yang Yang တို့ တူတူတွဲ တက်ရောက်ခဲ့ပါတယ်..

Liu Yifei က Yang Yang ကို မြင်လိုက်ရတဲ့အခါ သူမလက်ကို မြှောက်ကာ ပြုံးပြီး နှုတ်ဆက်ခဲ့ပါတယ်.. ဒီလိုပုံစံကို မြင်လိုက်ရတဲ့ အချိန်မှာတော့ နှစ်ယောက်စလုံးရဲ့ ပရိသတ်တွေဖြစ်တဲ့ netizens တွေက သူတို့ရဲ့ စိတ်ခံစားချက်တွေကိုတောင် ထိန်းချုပ်နိုင်စွမ်းမရှိတော့ပါဘူး.. မတွေ့ရတာ ကြာပြီဖြစ်တဲ့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက်အရမ်းကို ဖော်ရွေ နွေးနွေးထွေးထွေးရှိကြပြီး ပရိသတ်တွေအတွက်ကတော့ နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ရတဲ့ ရှားရှားပါးပါး အချိန်တစ်ခုလည်း ဖြစ်ပါတယ်..



Liu Yifei နဲ့ Yang Yang တို့ဟာ နှစ်ပေါင်းများစွာ မတွေ့ဘဲ နေခဲ့ကြပေမယ့် အခုအချိန်အထိ ရင်းရင်းနှီးနှီး ရှိနေကြဆဲပါပဲ .. သူတိုနှစ်ယောက် မတွေ့ဖြစ်ကြတာ ခြောက်နှစ်နီးပါးလောက်ရှိပါပြီ.. နှစ်ယောက်စလုံးက အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ အနုပညာလုပ်ငန်းတွေမှာလဲ အသီးသီး အောင်မြင်နေကြပါပြီ..


သတင်း အရင်းအမြစ်៖ Popular.com