အဆိုတော်ကြီး အဆိုတော်ကြီး JYP Park ဟာဆိုရင် သူ့ရဲ့သမီးလေး နှစ်ယောက်ကို ထိန်းရင်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အကြောင်းကို ဖော်ပြပေးလာခဲ့ပါတယ်။

အဆိုပါ အကြောင်းအရာကို မတ်လ ၂၇ ရက်နေ့က Park Jin Young က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးခဲ့တာဖြစ်ပါတယ်။ Park Jin Young က ရဲ့ သမီးလေးတွေက အသက် ၃ နှစ်နဲ့ ၄ နှစ်အရွယ်လေးတွေဖြစ်ပြီး အရမ်းချစ်ဖို့ကောင်းကြပါတယ်။ Park Jin Young က သမီးလေး နှစ်ယောက်ကို တစ်ပြိုင်တည်း ချီလိုက်တဲ့ အချိန်မှာ လက်တွေနာလာပြီး နောက်ကျောဘက်တွေ အရမ်းနာကျင်ရတယ်လို့ ဆိုပါတယ်။ ဗီဒီယိုထဲမှာ Park Jin Young က သမီးလေးတစ်ယောက်ကို ပခုံးတစ်ဖက်မှာ ချီပိုးထားပြီး နောက်တစ်ယောက်ကို အခြား လက်တစ်ဖက်မှာ ချီပိုးထားပါတယ်။ သမီးလေးတွေရဲ့ ခန္ဓာကိုယ်အလေးချိန်ကို ဟန်ချက်ညီအောင် ထိန်းနေရတဲ့ ပုံစံကိုလည်း အတိုင်းသား မြင်တွေ့ရပါတယ်။


ပရိသတ်တွေက "ကလေးနှစ်ယောက်နဲ့ အကူအညီမဲ့နေတဲ့ အဖေပါလားနော် ..” “Park Jin Young ရဲ့ အဖေပုံစံက အံ့ဩစရာပဲနော် ..” “ဒီလိုမျိုးကြီး ချီပြီး လမ်းလျှောက်နေမယ်ဆို ကြွက်သားတွေနာမှာပေါ့ ..” “Park Jin Young ကို အဖေကောင်းတစ်ယောက်ပဲနော်” စတဲ့ မှတ်ချက်တွေ အများ အပြားပေးထားကြပါတယ်။ သမီးလေး နှစ်ယောက်နဲ့ ဗျာများနေတဲ့ တောင်ကိုရီးယားအဆိုတော်ကြီး Park Jin Young ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။
Park Jin Young ဟာဆိုရင် ၂၀၁၃ ခုနှစ်မှာ အနုပညာ လောကထဲက မဟုတ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး သမီးလေး နှစ်ယောက်ကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။