တောင်ကိုရီးယားဂန္တဝင်မင်းသားကြီး ဆောင်အီကွတ်ဟာ သူ့ရဲ့ ဇနီးသည်ကို ဘယ်လောက်ချစ်ကြောင်း ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။မင်းသားကြီးဟာ အခုအချိန်မှာ ဇနီးဖြစ်သူနဲ့ အိမ်ခွဲပြီးနေနေရတာလည်း ဖြစ်ပါတယ်။

အခုလို နေနေရတာက ဇနီးသည်ရဲ့ အလုပ်ကြောင့်လို့လည်း ပြောကြားခဲ့ပါတယ်။ ဆောင်အီကွတ်ရဲ့ ဇနီးဖြစ်သူဂျောင်ဆွန်းယွန်းဟာ အခုအချိန်မှာတော့ ဂွမ်ဂျူးခရိုင်တရားရုံးရဲ့ ဆန်းချွန်း ရုံးခွဲမှာ တာဝန်ကျနေတာ ဖြစ်ပြီး မင်းသားကြီးကလည်း ဇနီးဖြစ်သူကို လွမ်းဆွတ်နေတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ဇနီးဖြစ်သူအပေါ်ထားတဲ့အချစ်တွေဟာ အခုအချိန်အထိ စတွေ့တုန်းကလိုပဲ ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး တစ်စက်လေးမှမလျော့သွားကြောင်းလည်း ပြောကြားခဲ့ပြီး သူမနဲ့ပထမဆုံးတွေ့ခဲ့ရတဲ့ နေ့ရက်က သူ့ဘဝရဲ့ အပျော်ရွှင်ရဆုံးနေ့ရက် ဖြစ်ကြောင်းလည်း ဝန်ခံခဲ့ပါတယ်။

ဒါ့အပြင် မင်းသားကြီးဟာ ဇနီးသည်သွားလေရာနေရာတိုင်းကို ခြေရာခံဖို GPS ထည့်ထားတဲ့အထိ ဂရုစိုက်ပေးထားကြောင်း သိရပြီး ကလေးတွေအရွယ်ရောက်နေသည့်တိုင် ဇနီးသည်အပေါ်ထားတဲ့ မပြောင်းလဲတဲ့ ချစ်ခြင်းကို ဖော်ပြခဲ့ပါတယ်။အရမ်းချစ်တတ်တဲ့ လူကြီးပါပဲနော်။


Photos : Credit