ထိုင်းမင်းသမီး Bella ကတော့ သူမရဲ့ချစ်သူ Weir နဲ့ 10 နှစ်လောက် တွဲခဲ့ပြီး လမ်းခွဲခဲ့ကာ လက်ရှိမှာတော့ Weir က တခြားတစ်ယောက်နဲ့လက်ထပ်သွားပြီး သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်.. ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ Bella က တော်တော် ကုစားလိုက်ရပြီး အခုလက်ရှိမှာတော့ ပြန်မှန်အတိုင်းကောင်းမွန်လာပြီး အနုပညာအလုပ်တွေကို အားလပ်ချိန်မရှိလောက်အောင်ကို ကြိုးစားလုပ်ကိုင်နေတာပါ..


Bella လက်တလောမှာတော့ ပြုံးပျော်ရွှင်ကာ သန်မာနေတဲ့ ပုံလေးပေါက်နေပါတယ်.. ဒီလိုလေး ပုံမှန်အတိုင်းပြန်ဖြစ်လာတာက သူ့သူငယ်ချင်းနှစ်ယောက်နဲ့ ကျေးဇူးကြောင့်ပါပဲလို့ သူမရဲ့ Video လေးကနေတဆင့် ပြောခဲ့ပါတယ်..


တကယ်တော့ ပရိသတ်ကို မျက်ရည်ကျလုနီးပါး လှုပ်ခတ်စေခဲ့တာကတော့ ” အသည်းကွဲပြီး ခံစားနေရတဲ့အချိန်မှာ ကျွန်မရဲ့ဘေးမှာရှိနေပေးခဲ့တာ ဒီသူငယ်ချင်း နှစ်ယောက်ပါပဲ .. အရှုံးမပေးချင်အောင် ဘေးမှာ အမြဲရှိနေပေးတဲ့သူ .. ပြီးတော့ ကျွန်မဘေးမှာ ထိုင်နေတဲ့ သူငယ်ချင်းနှစ်ယောက်ကို ပြောပြချင်တာက ကျွန်မ ဒီနေ့ပြောင်းလဲသွားခဲ့တဲ့ အရာတွေက သူတို့ကြောင့်ပါပဲ.. သူတို့တွေနဲ အချိန်ပေးပြီးတွေ့ဖို့အတွက် ကျွန်မရဲ့ အလုပ်တွေကိုတော့ ဖျက်ရဦးမယ်” လို့ ပြောသွားခဲ့ပါတယ်..


