Reborn Rich ဇာတ်လမ်းမှာ Song Joong Ki နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Lee Sung Min ဟာဆိုရင် သူ့ဘဝရဲ့ ခက်ခဲမှု အတွေ့အကြုံတွေ အကြောင်းကို ပရိသတ်တွေဆီကို ပြောပြလာခဲ့ပါတယ်။ Lee Sung Min က သူ့ရဲ့ သမီးလေးကို အရမ်းအားနာခဲ့ကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပြီး Song Joong Ki နဲ့ အလုပ်တွဲ လုပ်ဆောင်ခွင့်ရတာကို ဂုဏ်ယူကြောင်း ထပ်ဆောင်းပြောဆိုခဲ့ပါတယ်။

Lee Sung Min က သူ့ရဲ့ မူရင်းအသက်ထက်ပိုကြီးတဲ့ ဇာတ်ကောင်နေရာကို ဆောင်ရွက်ခွင့်ရတဲ့အတွက် စိုးရိမ်မိပေမယ့် အခုလိုမျိုး သရုပ်ဆောင်ခွင့်ရတာကိုတော့ ဂုဏ်ယူကြောင်း ပြောခဲ့ပါတယ်။Lee Sung Min က သူ့ဆီမှာ သမီးလေးတစ်ဉီးရှိကြောင်းကို ဖွင့်ပြောခဲ့ပြီး သမီးလေးအတွက်တာဝန်ကျေတဲ့ ဖခင် တစ်ယောက် မဖြစ်ခဲ့တဲ့အတွက် စိတ်ထဲမကောင်းကြောင်း ပြောခဲ့ပါတယ်။

Lee Sung Min က ဆင်းရဲလွန်းတာကြောင့် သမီးလေးအတွက် သူ့ဆီမှာ ဘာအစီအစဉ်မှ မရှိကြောင်း ၊ သမီးလေးက အသား အရမ်းကြိုက်တဲ့သူဖြစ်ပေမယ့် ပိုက်ဆံ မရှိတာကြောင့် အသားကောင်းကောင်းလေး ဝယ်မကျွေးနိုင်ကြောင်း ၊ ပါးလွှာတဲ့ အသားလေးတွေကိုသာ ကျွေးနိုင်ခဲ့ကြောင်း ၊ အသားကင်လိုက်စားတဲ့ အချိန်တုန်းကလည်း အသားကင် စားပြီးရင် အခြား စားစရာ အတွက် ပိုက်ဆံ တစ်ပြားမှ မရှိတော့ကြောင်း ၊ ဆင်းရဲလွန်းတာကြောင့် သမီးလေးကို လုံလုံလောက်လောက် မဖြည်းဆည်းပေးနိုင်တာကို အားနာမိကြောင်း ဆိုခဲ့ပါတယ်။

Lee Sung Min က အများကြီး ရုန်းကန်ခဲ့ရတဲ့သူဖြစ်တာကြောင့် နောက်တက်လာတဲ့ ဂျူနီယာတွေကို များစွာ ဂရုစိုက်ပေးတယ်လို့ ဆိုပါတယ်။
မအောင်မြင်ခင်က အသားကင်လေးတောင် အနိုင်နိုင်စားခဲ့ရတဲ့ ဘဝကို ကျော်ဖြတ်ခဲ့ရတဲ့ 'Reborn Rich' မင်းသားကြီးရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။
