ဟောလိဝုဒ်ရုပ်ရှင်လောကမှာ အဓိကရိုက်ကူးနေတဲ့ တရုတ်နွယ်ဖွားသရုပ်ဆောင်တွေကို တရုတ်လူမျိုးတွေက ဝေဖန်နေကြပါတယ်။ နာမည်ကြီးမင်းသမီးကြီး မီရှဲယိုး, မင်းသား Daniel Wu တို့ဟာ တရုတ်နှစ်သစ်ကူးမှာ တရုတ်နှစ်သစ်ကူးလို့ ပြောပြီးမနှုတ်ဆက်ခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း တင်ပြလာပါတယ်။

တရုတ်နှစ်သစ်ကူးကို မီရှဲယိုးဟာ “Happy New Year” ဆိုပြီးအင်္ဂလိပ်ဆိုပြောကာ ဗီဒီယိုတင်ခဲ့ပြီး Daniel Wu ကလည်း “Happy Lunar New Year” ပါလာလို့ ပြောခဲ့ပါတယ်။ ထို့အတူ အမေရိကန်ရောက် တရုတ်နွယ်ဖွား အနုပညာရှင်တွေနဲ့ ဝန်ထမ်းတော်တော်များများဟာ “ပျော်ရွှင်ဖွယ်ရာ တရုတ်နှစ်သစ်ကူးပါ” လို့မပြောကြပဲ “နှစ်သစ်ကူးပါ” လို့သာပြောကြတာကိုတွေ့ရပါတယ်။

ဒါကြောင့်ပဲ တရုတ်နိုင်ငံကလူတွေနဲ့ နိုင်ငံတကာရောက် တရုတ်အသိုင်းအဝိုင်းတွေကြားမှာတော့ မီရှဲယိုးအပါအဝင် အမေရိကန်ရောက် တရုတ်မင်းသား၊ မင်းသမီးတွေဟာ အောက်ခြေလွတ်နေကြသူတွေဖြစ်ပြီး မိခင်နိုင်ငံရဲ့ကျေးဇူးကိုမေ့နေကြတယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။

ဒါပေမယ့် အနောက်နိုင်ငံတော်တော်များများဟာ တရုတ်နှစ်ကူးကို တရုတ်နှစ်ကူးလို့ အမည်မတပ်ပဲ “Lunar New Year” လို့သာခေါ်ကြသလို ကိုရီးယားအပါအဝင် အရှေ့နိုင်ငံတွေမှာလည်း တရုတ်နှစ်ကူးဟာ သူတို့ရဲ့ရိုးရာနှစ်ကူးလို့ ကျင်းပနေကြဖြစ်တာကြောင့် ရိုးရာနှစ်ကူးဆိုတဲ့ စကားကိုပဲသုံးလေ့ရှိတယ် လို့သိရပါတယ်။