BTS အဖွဲ့ဝင် Jimin ဟာ မကြာသေးခင်က သူ့ရဲ့ ပထမဆုံး Album `` FACE ‘’ ကို ပရိသတ်တွေကို ချပြခဲ့ပါတယ်။ပရိသတ်တွေကလည်း အလွန်ကြိုက်နှစ်သက်ခဲ့ကြပြီး Jimin ကို ချီးကျူးဂုဏ်ပြုပေးခဲ့ကြပါတယ်။

ဒါပေမယ့် Jimin အတွက် ဝမ်းနည်းစရာကိစ္စတစ်ခုဖြစ်ပွားခဲ့ပြီး သူ့ပရိသတ်တွေကို စိတ်ဆိုးစေခဲ့ပါတယ်။Jimin ရဲ့ ပထမနေ့ အယ်လ်ဘမ်ရောင်းချလို့ရတဲ့ အောင်မြင်မှုတွေကို အသိအမှတ်မပြုခဲ့တာကြောင့် ပရိတ်သတ်တွေက ပိုပြီးဒေါသ ထွက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

Jimin ဟာ ပထမရက်မှာ အယ်လ်ဘမ်ရောင်းချရမှုအများဆုံးနဲ့ Hanteo မှာ အချပ်ရေ ၁ သန်းရောင်းချနိုင်တဲ့ ပထမဆုံးတစ်ကိုယ်တော်အနုပညာရှင်လည်း ဖြစ်ခဲ့ပြီး Weverse ရဲ့ ဝယ်ယူမှုနဲ့ Album ရဲ့ CD အချပ်ရေရောင်းချမှုစာရင်းမှာပါ စံချိန်အသီးသီးတင်နိုင်ခဲ့ပေမယ့် အခုလို Hanteo ရဲ့ အသိမှတ်ပြုခြင်းကို မခံခဲ့ရတာဖြစ်ပါတယ်။

အခုလို အရောင်းစာရင်းနဲ့ Hanteo က ထုတ်ပြန်တဲ့စာရင်း ကွဲလွဲနေတဲ့အပေါ် ပရိသတ်တွေက ဒေါသထွက်ခဲ့ကြပြီး အခုထက်ပိုမိုရှင်းရှင်းလင်းလင်း ဖော်ပြပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

Photos : Credit