တောင်ကိုရီးယားမင်းသား Kim Jaewon ဟာဆိုရင်တစ်ခေတ်တစ်ခါက ဂင်ဟာနူးဆိုပြီး မြန်မာပရိသတ်တွေကြားမှာ နာမည်ကြီး ရေပန်းစားခဲ့တဲ့သူဖြစ်ပါတယ်။ Kim Jaewon က ၁၉၈၁ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်တာကြောင့် လက်ရှိမှာ သူ့ရဲ့အသက်က ၄၀ ကျော်နေပြီပဲဖြစ်ပါတယ်။

Kim Jaewon ကို Romance (2002)၊ Listen to My Heart (2011)၊ May Queen (2012) နဲ့ The Scandal (2013) ဇာတ်လမ်းတွေနဲ့လူသိများခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့တာဖြစ်ပါ တယ်Kim Jaewon က အသားအရည်ဖြူစင်ဝင်းပပြီး ရယ်လိုက်ရင် အေးမြသွားတဲ့ အပြုံးလေးတွေ ပိုင်ဆိုင်ထားတဲ့သူဖြစ်တာကြောင့် သူ့ကို အပြုံးမင်းသားလို့ တင်စားခေါ်ဝေါ်ကြပါတယ်။

တစ်ခေတ်တစ်ခါက တခဲနက်အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မင်းသား Kim Jaewon က ဇနီးဖြစ်သူနဲ့ ၂၀၁၃ ခုနှစ်မှာလက်ထပ်ပြီးတဲ့နောက်မှာ ရုပ်ချင်း ချွတ်ဆွတ်တူတဲ့ သားလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပြီး အနုပညာ အလုပ်တွေလုပ်တာပါ ကြဲသွားခဲ့ပါတယ်။

Kim Jaewon က ဇာတ်လမ်းတွဲတွေထဲ ပါဝင်တာထက် ကိုယ်ပိုင် ကုမ္ပဏီထောင်ပြီး စီနီယာအဖြစ်နဲ့ တက်သစ်စလေးတွေကို မွေးထုတ်ပေးလျက်ရှိပါတယ်။ Kim Jaewon ရဲ့ အေဂျင်စီ နာမည်က one-man entertainment ပဲဖြစ်ပါတယ်။

Kim Jaewon က ၂၀၂၀ ခုနှစ်မှာ one-man entertainment အေဂျင်စီကို သူနဲ့ နှစ်ပေါင်း ၂၀ ကြာ အတူတွဲပြီး အလုပ်လုပ်ခဲ့တဲ့ မန်နေဂျာဖြစ်သူနဲ့အတူ ထူထောင်ခဲ့ပါတယ်။

Kim Jaewon ရဲ့ ကုမ္ပဏီက ယုံကြည်မှုတွေနဲ့တည်ဆောက်ထားတဲ့ ကုမ္ပဏီအဖြစ် လူသိများပြီး အဆင့်အတန်းတစ်ခုအနေနဲ့ လက်ရှိအချိန်အထိ နာမည်ပျက်မရှိဘဲ ရပ်တည်နိုင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။
