Bo Gum နဲ့ တွဲနေတယ်ဆိုတဲ့သတင်းကို ဖြေရှင်းခဲ့တဲ့ မင်းသမီးကြီး Lee Il Hwa

//s9.kh1.co/f8/f8dc3fa61581d88c7f1c2ffda7003946d4628fad.jpeg
အနုပညာရှင်များ

 ၁၉-မတ်-၂၀၂၃ ၁၀am · လွန်ခဲ့သော တစ်နှစ် က

သားအရွယ် Bo Gum နဲ့ တွဲနေတယ်ဆိုတဲ့သတင်းကို ဖြေရှင်းခဲ့တဲ့ မင်းသမီးကြီး Lee Il Hwa

တောင်ကိုရီးယားမင်းသမီးကြီး Lee Il Hwa ဟာဆိုရင် သားအရွယ် မင်းသား Park Bo Gum နဲ့တွဲနေတယ်ဆိုတဲ့သတင်းကို ပြန်လည်ဖြေရှင်းချက် ပြုလုပ်ပေးခဲ့ပါတယ်။ အခုအကြောင်းအရာကို မင်းသမီးကြီး Lee Il Hwa ကMBC ရဲ့ Radio Star အစီအစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=643,q=100/d8/d8ce05729132ecd1cb9e33d0557a706d27a02be9.jpeg

မင်းသမီးကြီး Lee Il Hwa က နာမည်ကြီးတဲ့ Reply 1988 ဇာတ်လမ်းမှာ Duk Seon ရဲ့ အမေအဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ Lee Il Hwa က Park Bo Gum နဲ့အတူလမ်းလျှောက်နေတဲ့ ဓာတ်ပုံတွေက Reply 1988 ဇာတ်လမ်းရဲ့ ပျော်ပွဲစားခရီးဓာတ်ပုံတွေဖြစ်ကြောင်း ၊ အဲဒီမှာ ပရိသတ်တွေရှိနေမှန်းမသိကြောင်း၊ နောက်ကျောကို ဓာတ်ပုံရိုက်လိုက်မှန်းတောင် မသိခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=423,h=640,q=100/58/58c91b85ab7f28a195a9b5907b6471cf413fd2c2.png

ဓာတ်ပုံတွေထဲမှာ Lee Il Hwa က အဖြူရောင်တီရှပ်အင်္ကျီဝတ်ထားပြီး အနက်ရောင်ဘောင်းဘီတိုကို ဝတ်ဆင်ထားပါတယ်။ Park Bo Gum ကလည်း အဖြူရောင်ရှပ်အင်္ကျီနဲ့ အပြာရောင် ဘောင်းဘီကို ဝတ်ဆင်ထားပါတယ်။နှစ်ယောက်စလုံးက ရုတ်တရက်ကြည့်လိုက်ရင် တကယ်ကို စုံတွဲအလားလို့ ထင်မှတ်သွားစေနိုင်ပါတယ်။ နှစ်ဉီးစလုံးက အရမ်းရင်းနှိီးနေတဲ့ပုံတွေဖြစ်ပေမယ့် အင်္ကျီကတော့ တိုက်ဝတ်ထားတာမဟုတ်ကြောင့် ကမ်းခြေသွားရင်အခုလိုပဲ ပေါ့ပေါ့ပါးပါးဝတ်ဆင်ကြလို့ ဝတ်ကြတာဖြစ်ကြောင်း ထပ်ရှင်းပြီးပြောထားပါတယ်။ အတူတွဲသွားနေကြတာလည်း အရမ်းရင်းနှီးလို့ ယှဉ်သွားနေတာဖြစ်ပြီး ပရိသတ်တွေက ဓာတ်ပုံရိုက်လိုက်တာကြောင့် စုံတွဲတွေလိုမျိုးဖြစ်နေတာလို့ သိရပါတယ်။ 

https://s9.kh1.co/__image/w=500,h=339,q=100/73/736aea3d86594132db7abc20260260e5ef3716bb.jpeg

မင်းသမီးကြီး Lee Il Hwa က အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာ လက်ထပ်ထားတဲ့သူဖြစ်ပါတယ်။ အိမ်ထောင်သက် ၁ နှစ်အကြာ ၁၉၉၆ ခုနှစ်မှာ ကွာရှင်းခဲ့တဲ့ Lee Il Hwa က လက်ရှိအချိန်မှာတော့ လူလွတ်တစ်ယောက်ဖြစ်ပါတယ်။ သားအရွယ် Park Bo Gum နဲ့ dating news ထွက်တဲ့ကိစ္စကို သေချာလေးပြန်ရှင်းပြနေတဲ့ မင်းသမီးကြီး Lee Il Hwa ကို ပရိသတ်တွေကတော့ အရမ်းချစ်နေကြပါတယ်။

https://s9.kh1.co/__image/w=650,h=911,q=100/07/07fecfcc12f0908bf97f3daacda5dd2b9a4633f6.png
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T