“Cheese In the Trap" ဇာတ်ကားထဲမှာ Kim Go Eun ရဲ့ကောလိပ်စီနီယာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Moon Ji Yoon ဟာဆိုရင် ဒီကနေ့ (မတ်လ ၁၈ ရက်) နေ့မှာ ကွယ်လွန်သွားတာ ၃ နှစ် ပြည့်သွားခဲ့ပါပြီ ။

Moon Ji Yoon ဟာဆိုရင် မတ်လ 18 ရက် ၂၀၂၀ ခုနှစ်တုန်းက ပြင်းထန်တဲ့ သွေးလွန်တုပ်ကွေးရောဂါကြောင့်အသက် ၃၆ နှစ်တွင် ကွယ်လွန်ခဲ့ပါတယ်။


မသေဆုံးခင် အချိန်မှာ ကွယ်လွန်သူ မင်းသားကြီးဟာ လည်ချောင်းနာခြင်းကြောင့် ဆေးရုံ အရေးပေါ်ခန်းသို့ သွားခဲ့ရပါတယ်။ သို့သော်လည်း သူ့အခြေအနေက ပိုဆိုးလာကာ နောက်ဆုံးတွင် ပြင်းထန်သော သွေးဆိပ်တက်ရောဂါဖြင့်သေဆုံးသွားခဲ့ပါတယ်။ Moon Ji Yoon ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြင်းထန်တဲ့ ဗိုင်းရပ်စ်က ကိုက်စားပြီးသေဆုံးသွားခဲ့ရတာလို့ သိရပါတယ်။


သရုပ်ဆောင် Moon Ji Yoon ဟာ မသေဆုံးခင် နောက်ဆုံး အချိန်အထိ SNS စာမျက်နှာပေါ်မှာ ပရိသတ်တွေနဲ့အဆက်အသွယ် လုပ်ခဲ့တာကြောင့် သေဆုံးသွားတဲ့သတင်းကို လူတော်တော်များများက အံ့ဩတုန်လှုပ်ခဲ့ကြပါတယ်။


သရုပ်ဆောင် Moon Ji Yoon ဟာ Romance ဇာတ်လမ်းနဲ့ ပွဲဦးထွက်လာတဲ့သူဖြစ်ပြီး Sassy Girl Chun Hyang ၊Big ၊ Cheese in the Trap၊ May Queen ၊ Weightlifting Fairy Kim Bok Joo စတဲ့ ဇာတ်လမ်းတွဲတွေများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။