တောင်ကိုရီးယားနာမည်ကြီး မင်းသမီးကြီး Song Hye Kyo ဟာ ပရိသတ်တွေရဲ့ အချစ်တော်မင်းသမီးတစ်ယောက်ဖြစ်ပြီး အနှစ် (၂၀) ကျော်ကြာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

သူမဟာ အသက်အရွယ်နဲ့ မလိုက်အောင်လှပလွန်းတဲ့သူတစ်ယောက်ဖြစ်ပြီး ကြော်ငြာတွေ၊ ရုပ်ရှင်တွေ၊ ဆုပေးပွဲ၊ ဖက်ရှင်ပွဲတွေမှာ သူမရဲ့ အလှဟာ ပိုပေါ်နေတတ်ပြီး အဘက်ဘက်မှာပါ အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။

မကြာသေးခင်က သူမရဲ့နာမည်ကြီး The Glory ဟာလည်း အောင်မြင်မှုကြီးကြီးမားမားရခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိခဲ့ပါတယ်။သူမဇာတ်လမ်းတွဲထုတ်လွှင်နေချိန်မှာ Song Hye Kyo ဟာ ပရိသတ်တွေရဲ့ အာရုံကို ထပ်ဖမ်းစားခဲ့ပါတယ်။

Song Hye Kyo ဟာ MICHAA House နဲ့ ကြော်ငြာဓာတ်ပုံတွေရိုက်ခဲ့ပြီး လူကြီးဆန်ဆန် စမတ်ကျလှပနေခဲ့ပြီး မြင်ရသူတိုင်းကို ရင်သပ်ရှုမောဖြစ်စေခဲ့ပါတယ်။Song Hye Kyo ရဲ့ လွန်စွာလှပနေမှုကို ပရိသတ်တွေကို ဖော်ပြပေးလိုက်ရပါတယ်။





Photos : Credit to Orginal Uploader