တစ်ခေတ်တစ်ခါက လွတ်လပ်ရေးတိုက်ပွဲ နဲ့ ပတ်သက်တဲ့ ဇာတ်ကားကောင်းတွေတိုင်းမှာ အမြဲလိုလိုပါဝင်ခဲ့တာကြောင့် နာမည်ကျော်ကြား လူသိများပြီး ပရိသတ်တွေတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ရသူ ထပ်ဆင့်အကယ်ဒမီ မင်းသားကြီး သီဟတင်စိုး ဟာ ဒီကနေ့ ဖေဖော်ဝါရီ (၂၀)ရက်နေ့မှာ နှလုံးရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း သမီးဖြစ်သူ က Myanmarload ကို အတည်ပြုခဲ့ပါတယ်။

ထပ်ဆင့် အကယ်ဒမီမင်းသားကြီး သီဟတင်စိုး ကွယ်လွန်သွားခြင်းနဲ့ ပတ်သက်လို့ သမီးဖြစ်သူ က သူမအနေနဲ့ ခံစားရသမျှကို သူမအနေနဲ့ ရင်ဖွင့်လာခဲ့ပြီး သူမဖခင် ရဲ့ ရုတ်တရက်ဆုံးပါးသွားမှုအပေါ် သူမအနေနဲ့ အင်မတန်စိတ်မကောင်းဖြစ်ရကြောင်း ၊ သူမနဲ့မတွေ့ရတဲ့ နှစ်ရက်အတွင်းမှာ အခုလိုရုတ်တရက်ဖြစ်သွားခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

သူမ ရဲ့ ဖခင်ဖြစ်သူ ဟာ မကွယ်လွန်ခင် က အရမ်းကို လုပ်ချင်ဖြစ်ချင်ခဲ့တဲ့ အနုပညာလက်ရာတစ်ခုဟာ မအောင်မြင်ခဲ့ရကြောင်း ၊ အဲ့အတွက် အခုလိုကွယ်လွန်သွားသည့်တိုင်အောင် သူမဖခင်အနေနဲ့ အတော်လေး ဝမ်းနည်းနေရမှာဖြစ်ကြောင်း ၊ သူမအနေနဲ့လည်း အတော်လေး ကြေကွဲဝမ်းနည်းရကြောင်း ကို Myanmarload TV ကို ပြောကြားလာမှုအပေါ် ပရိသတ်ကြီးကြည့်ရှုနိုင်စေရန်ဖော်ပြလိုက်ရပါတယ်။