ထူးထူးခြားခြား ကြက်သွန်နီပန်းစည်းကိုင်ခဲ့ကြတဲ့ ဖိလစ်ပိုင်က မင်္ဂလာပွဲတစ်ပွဲ

//s9.kh1.co/b4/b44e73515b97e9e6159b32f396372b704bb63b72.jpg
နေ့စဉ်သတင်းများ

 ၀၄-ဖေ-၂၀၂၃ ၄pm · လွန်ခဲ့သော တစ်နှစ် က

ထူးထူးခြားခြား ကြက်သွန်နီပန်းစည်းကိုင်ခဲ့ကြတဲ့ ဖိလစ်ပိုင်က မင်္ဂလာပွဲတစ်ပွဲ

ပြီးခဲ့တဲ့လ ဇန်နဝါရီလ ၂၂ ရက်နေ့တုန်းက ဖိလစ်ပိုင်နိုင်ငံရဲ့မင်္ဂလာပွဲတစ်ခုမှာ ထူးထူးခြားခြား ကြက်သွန်နီများကို အလှတန်ဆာတစ်ခုအနေနဲ့ ထည့်သွင်းအသုံးပြုခဲ့ကြပါတယ်။ ဒါကတော့ Lyka နှင့် Erwin တို့ရဲ့ မင်္ဂလာပွဲအခမ်းအနားမှာ သတို့သမီးနှင့် သတို့သမီးအရံတို့က ကိုင်ရမယ့် လက်ကိုင်ပန်းစည်းနေရာမှာ ကြက်သွန်နီများကို ပန်စည်းများအဖြစ်ကို အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit - From Poetry of Bitch
Photo Credit - From Poetry of Bitch
Photo Credit - From Poetry of Bitch
Photo Credit - From Poetry of Bitch

သတို့သမီးကပြောဆိုရမှာတော့ ပန်းတွေ ညှိုးနွမ်းသွားတဲ့အခါလွှင့်ပစ်ရတာမို့ မင်္ဂလာပွဲပြီးရင်မလွှင့်ပစ်ရတဲ့ကြက်သွန်နီကိုသာ ပန်းစည်းအဖြစ် အသုံးပြုခဲ့တာလို့ ဆိုပါတယ်။ ကြက်သွန်နီဈေးနှုန်းကတော့ ပြီးခဲ့တဲ့ လကတည်းက ပီဆို ၇၀၀ (အမေရိကန်ဒေါ်လာ ၁၂) အထိ စတင်တက်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - From Poetry of Bitch
Photo Credit - From Poetry of Bitch
Photo Credit - From Poetry of Bitch
Photo Credit - From Poetry of Bitch

စျေးကြီး လွန်းလို့ ဖိလစ်ပိုင်လေကြောင်းလိုင်းကနေ ကြက်သွန်နီတွေကိုနိုင်ငံထဲသို့ခိုးသွင်းကြပါတယ်။ ကြက်သွန်နီဟာ ဖိလစ်ပိုင်မှာ ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်လာပြီး ဝက်သားဈေးနှုန်းထက်တောင် ဈေးကောင်းရနေပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ အခြေခံလုပ်ခလစာဟာ တစ်ရက်ကို ၅၇၀ ပေဆို (၃၅၀ ဘတ်) ရှိနေချိန်မှာ ကြက်သွန်နီ ၁ ကီလိုဂရမ်ရဲ့ဈေးနှုန်း ၇၀၀ ပေဆို (၄၃၀ ဘတ်) အထိပေးနေရတာ ဖြစ်ပါတယ်။

Photo Credit - From Poetry of Bitch
Photo Credit - From Poetry of Bitch

သတင်း အရင်းအမြစ်Source - Poetry of Bitch

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T