မွေးနေ့မတိုင်ခင်လေး ဆော်ဒီ အသင်း အယ်နက်ဆာနဲ့အတူ ပထမဆုံး ဂိုး ကို သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒို

//s9.kh1.co/c9/c92630a8c625ee7ae0c0442bd7c9081b19745c09.jpg
အားကစားသတင်းများ

 ၀၄-ဖေ-၂၀၂၃ ၄pm · လွန်ခဲ့သော တစ်နှစ် က

ဆော်ဒီအသင်း အယ်နက်ဆာနဲ့ အတူ (၃) ပွဲမြောက် ပွဲစဉ်မှာတော့ ပထမဦးဆုံး ဂိုး ကို...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ဘောလုံးဝါသနာရှင် ပရိသတ်တိုင်းရဲ့  အချစ်တော် ၊ ခန္ဓာကိုယ် တည်ဆောက်မှုနဲ့ပတ်သက်ရင် ယောကျာ်းမိန်းမ မရွေး သော ပရိသတ်တွေရဲ့ အားပေးမှု ကိုရရှိထားသူ ၊ တစ်ခေတ်တစ်ခါကနေ အခုထိ ဘောလုံးအားကစားနဲ့ပတ်သက်လာရင် မပါမဖြစ် လူတစ်ဦးအဖြစ် နာမည်ကျော်ကြားသူကတော့ အားလုံးက ဒိုလေး လို့ ချစ်စနိုး နဲ့ခေါ်ဆိုကြတဲ့ စီရော်နယ်ဒို ပါပဲ။

Photo Credit From Original Uploader
Photo Credit From Original Uploader

စီရော်နယ်ဒို ဟာ ယမန်နှစ် (၂၀၂၂) ခုနှစ် နှစ်ကုန်ပိုင်း က မန်ချင်စတာယူနိုက်တက် အသင်း ကနေ ဆော်ဒီအသင်း အယ်နက်ဆာ ကို ပြောင်းရွှေ့ခဲ့ပြီး သူ့ရဲ့ ပြောင်းရွှေ့မှု ကို ပရိသတ်တိုင်း က အလွန်တရာပဲ နှ‌‌မြောတသဖြစ်ခဲ့ရပါတယ်။ သို့ပေမယ့်လည်း ဆော်ဒီနိုင်ငံ အခြေစိုက်အသင်း အယ်နက်ဆာ က ရော်နယ်ဒို ကို ဘောလုံးကစားသမားဘဝမှ အနားယူခဲ့ရင်တောင် ဘောလုံးအကြံပေးအဖြစ် လုပ်ကိုင်ပေးရန် ငှားရမ်းခဲ့တာကြောင့် ရော်နယ်ဒို ကလည်း ကျေကျေနပ်နပ်ကြီးနဲ့ကို ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဇန်နဝါရီ(၂၃)ရက်နေ့က ရော်နယ်ဒို က သူ့ရဲ့ ပထမဦးဆုံးပွဲစဉ်ကို ကစားခဲ့အပြီးမှာတော့ အယ်နက်ဆာ အသင်း နဲ့ အတူ ရော်နယ်ဒို ဟာ အတော်လေး ပျော်ရွှင်နေခဲ့ပုံပေါ်ပါတယ်။ အယ်နက်ဆာ အသင်းနဲ့အတူ ကစားလာခဲ့ပြီး (၃) ပွဲမြောက် ပွဲစဉ်မှာ‌တော့ ရော်နယ်ဒို ဟာ သူ့ရဲ့ ပထမဦးဆုံး ဂိုး ကို သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အရာရာကို ကြိုးစားလိုစိတ်နဲ့ အမြဲ ကြိုးစားရုန်းကန်နေလေ့ရှိတဲ့ ရော်နယ်ဒို ရဲ့ ပုံရိပ်ကို ပရိသတ်ကြီးကြည့်ရှုနိုင်စေရန်ဖော်ပြလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T