Song Joong-ki ရဲ့ ဒုတိယမင်္ဂလာပွဲကို မပျက်မကွက်တက်ရောက်မယ့် အနုပညာရှင်များ

//s9.kh1.co/16/16a237566703c8a7ea9cc8b65cef610a13423621.jpeg
အနုပညာရှင်များ

 ၀၄-ဖေ-၂၀၂၃ ၃pm · လွန်ခဲ့သော တစ်နှစ် က

တကယ် နာမည်ကြီး ဒိတ်ဒိတ်ကြဲတွေချည်းပဲနော် ..

တောင်ကိုရီးယားမင်းသား Song Joong-ki ရဲ့ မင်္ဂလာသတင်းဟာဆိုရင် လက်ရှိမှာ ဟုန်းဟုန်းတောက် နာမည်ကြီးပြီး လူစိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါတယ်။ Song Joong-ki ရဲ့ မင်္ဂလာသတင်းကို သဘောတူတဲ့သူတွေထက်သဘောမတူတဲ့ သူတွေက ပိုများလျက် ရှိပါတယ်။ Song Joong-ki က ပထမဇနီးဖြစ်သူ Song Hye Kyo နဲ့တုန်းကလိုမျိုး ကြီးကျယ်ခန်းနားတဲ့ မင်္ဂလာပွဲကြီး ကျင်းပသွားမယ်ဆိုတဲ့ အတွက်ကြောင့်လည်း ပရိသတ်တွေက ပိုပြီးဒေါသထွက်နေကြတာဖြစ်ပါတယ်။ 

Google
Google

ဒီကနေ့မှာတော့ Song Joong-ki ရဲ့ မင်္ဂလာပွဲအခမ်းအနားကို မပျက်မကွက် တက်ရောက်နိုင်မယ်လို့ ယူဆထားတဲ့အနုပညာရှင် စာရင်းထွက်ရှိလို့ လာခဲ့ပါတယ်။ 

အဆိုပါ အနုပညာရှင်စာရင်းထဲမှာ ပါဝင်နေတဲ့ နာမည်ကြီး အနုပညာရှင် တွေက Lee Kwang Soo ၊ Park Bo Gum၊ Kim Ji-won ၊ Kim Tae Ri ၊ Bae Sung Woo ၊ Cha Tae Hyun ၊ Jo In Sung ၊ Song Joong Ki ၊ Lee Kwang Soo ၊ Kim Ki Bang ၊ Im Joo Hwan ၊ Do Kyung Soo နဲ့ Kim Woo Bin တို့ပဲ ဖြစ်ပါတယ်။ 

Lee Kwang Soo နှင့် Park Bo Gum

Google
Google

တောင်ကိုရီးယားထိပ်တန်းတွေဖြစ်ကြတဲ့ Lee Kwang Soo နဲ့  Park Bo Gum တို့က မင်းသား Song Joong Ki နဲ့အရမ်း ရင်းနှီးတဲ့သူတွေ ဖြစ်ကြပါတယ်။ Lee Kwang Soo က Song Joong Ki  ရဲ့ အခင်ဆုံး သူငယ်ချင်းဖြစ်ပြီးPark Bo Gum ကတော့ Song Joong Ki ကို အမြဲ ထောက်ပံ့ပြီး အားဖြည့်ကူညီပေးနေတဲ့ ဂျူနီယာလေး ဖြစ်ပါတယ်။ ဒါကြောင့်သူတို့ နှစ်ဦးကတော့ မင်္ဂလာပွဲကို လုံးဝတက်ရောက်ကြမှာပါ။ 

Kim Ji-won

Google
Google

မင်းသမီး Kim Ji Won ဟာဆိုရင်လည်း Song Joong Ki နဲ့အတူ ကျောင်း အတူတူတက်ဖူးတဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် Kim Ji Won က Song Joong Ki ကို သူမရဲ့ အရင်းနှီးဆုံး စီနီယာအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် သူမ စီနီယာရဲ့ မင်္ဂလာပွဲကို သေချာပေါက်တက်ဖြစ်အောင် တက်မှာ ဖြစ်ပါတယ်။ 

Kim Tae Ri

Google
Google

မင်းသမီး Kim Tae Ri ဟာဆိုရင်လည်း Song Joong Ki နဲ့ ရင်းနှီးလွန်းတဲ့ လုပ်ဖောင်ကိုင်ဖက်ဖြစ်တာကြောင့်dating rumors တွေအထိ ထွက်ဖူးတဲ့သူဖြစ်ပါတယ်။ ဒါကြောင့် Kim Tae Ri  ကလည်း မင်္ဂလာပွဲကို လုံးဝသေချာပေါက် တက်ရောက်မှာပါ။ 

Google
Google

Bae Sung Woo ၊ Cha Tae Hyun ၊ Jo In Sung ၊ Song Joong Ki ၊ Lee Kwang Soo ၊ Kim Ki Bang ၊ Im Joo Hwan ၊ Do Kyung Soo နဲ့ Kim Woo Bin တို့ဟာဆိုရင် တောင်ကိုရီးယား အနုပညာလောကမှာ အကောင်းဆုံးထိပ်တန်း သူငယ်ချင်း ၉ ယောက်အဖြစ် သတ်မှတ်ခြင်း ခံထားရသူတွေဖြစ်ပါတယ်။ ဒါကြောင့် ၉ ယောက်ထဲကအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Song Joong Ki ရဲ့ မင်္ဂလာပွဲကို ကျန်တဲ့ ၈ ယောက်က သေချာပေါက် တက်ရောက်ဂုဏ်ပြုပေးကြမှာပဲဖြစ်ပါတယ်။ 

Google
Google
Google
Google

Song Joong Ki ရဲ့ မင်္ဂလာပွဲကို ကျိန်းသေပေါက် တက်ရောက်ဂုဏ်ပြုပေးကြမယ့် ထိပ်တန်း နာမည်ကြီးအနုပညာရှင်စာရင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T