ဘောလုံးမကန်တော့ပေမယ့် သူ့ခေတ်မကုန်သေးဘူးဆိုတာ တစ်ကွက်ပြသလိုက်တဲ့ ဒေးဗစ်ဘက်ခမ်း

//s9.kh1.co/8e/8ea1917e767f2bb8e6cf24aa1c9cb5f48974d689.jpg
အားကစားသတင်းများ

 ၀၄-ဖေ-၂၀၂၃ ၂pm · လွန်ခဲ့သော တစ်နှစ် က

ပရိသတ်အချစ်တော် ဖရီးကစ်ဘုရင် ဒေးဗစ်ဘက်ခမ်း ဟာ Adidas နဲ့အတူ...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

တစ်ခေတ်တစ်ခါ က ဘောလုံးဝါသနာရှင်ပရိသတ်အားလုံးက ချစ်ခင်လေးစားအားပေးရတဲ့ လျှမ်းလျှမ်းတောက် ဘောလုံးကစားသမား ၊ အဝေးကန်ချက်တွေနဲ့ ပရိသတ်ကို ခြွေချလေ့ရှိတဲ့ ဖရီးကစ် ဘုရင် ၊ အသက်ကြီးသည်အထိ ဘောလုံးဝါသနာရှင်ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ နာမည်တွင်ကျန်ခဲ့သည်အထိ အရည်အချင်းရှိသူကတော့ အားလုံးကချစ်ကြတဲ့ ဒေးဗစ်ဘက်ခမ်း ပါပဲ။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဒေးဗစ်ဘက်ခမ်း ဟာ ဘောလုံးကစားသမား ဘဝမှာ အနားယူခဲ့တာ အချိန်အတော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ဒေးဗစ်ဘက်ခမ်း ဟာ စီးပွားရေး လုပ်ငန်းများ ဖြင့် အချိန်ကုန်နေရုံသာမက သူ့ရဲ့ မိသားစုဝင်တွေနဲ့ပါ ပျော်ရွှင်စရာအချိန်တွေကို တူတူဖြတ်သန်း ကုန်ဆုံးနေသူတစ်ဦးဖြစ်သွားခဲ့ပါပြီ။

Photo Credit From Original Uploader
Photo Credit From Original Uploader

သို့ပေမယ့် လတ်တလောမှာတော့ ကမ္ဘာကျော် Adidas Brand နဲ့အတူ ဒေးဗစ်ဘက်ခမ်း ဟာ ကြော်ငြာတစ်ခုရိုက်ကူးနေပါတယ်။ ဒေးဗစ်ဘက်ခမ်း ဟာ ဘောလုံးလောကနဲ့ဝေးကွာနေပြီဖြစ်ပေမယ့် သူ့ရဲ့ ဘောလုံးနဲ့ပတ်သက်တဲ့ အရည်အချင်းတွေ လျော့မသွားဘူးဆိုတာကို အဆိုပါကြော်ငြာရိုက်ကူးရေးပုံရိပ်တွေမှာ ပြသခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်း ရဲ့ အမိုက်စားကြော်ငြာပုံရိပ်တွေကို ပရိသတ်ကြီး ကြည့်ရှုခံစားနိုင်ရန်ဖော်ပြလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T