Song Hye Kyo ရဲ့ ပရိသတ်ဖြစ်ကြောင်း ပြသလိုက်တဲ့ BTS အဖွဲ့ဝင် Jungkook

//s9.kh1.co/ec/ecea7f0e77769533636ecb7e3c56d02671da3fa5.jpg
အနုပညာရှင်များ

 ၀၄-ဖေ-၂၀၂၃ ၂pm · လွန်ခဲ့သော တစ်နှစ် က

Jungkook ဟာ မကြာသေးခင်က ထုတ်လွှင့်ခဲ့တဲ့ သူ့ရဲ့ Live မှာ .....

BTS အဖွဲ့ဝင် Jungkook ဟာ မကြာသေးခင်က ထွက်ရှိပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ နာမည်ကျော်မင်းသမီး Song Hye Kyo ရဲ့ The Glory ကို ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/c8/c88b2600e5d5b5b50c8776f4efe04e0fc49a2c07.jpg

Jungkook ဟာ မကြာသေးမီက သူ့ကိုလွမ်းနေတဲ့ ပရိသတ်တွေအတွက် Live လွှင့်ကာ စကားတွေပြောဆိုခဲ့တာဖြစ်ပါတယ်။Jungkookဟာ သူ့ခွေးလေး Bam နဲ့ အတူ Live လွှင့်ကာအစားအသောက်လေးတွေစားရင်း ပရိသတ်တွေရဲ့ မေးခွန်းလေးတွေကို ဖြေခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=483,q=100/47/47e453128b7db60ca56e94699892c1f411afd845.jpg

ထိုသို့ပြောဆိုမှုတွေထဲမှာ ပရိသတ်တစ်ဦးရဲ့ The Glory နဲ့ ပက်သက်တဲ့ မေးခွန်းလည်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။ထိုမေးခွန်းကို Jungkook "ကျွန်တော်ကြည့်မလို့၊အခုတလော အရမ်းနာမည်ကြီးရေပန်းစားနေတာလေ၊ဘာပါလိမ့်၊ The Glory လေ၊ ကျွန်တော် ကြည့်မှာ '' လို့ပြန်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/dd/dd2f009150fb1293624224bf50b5b3aea3e6fda4.jpg

Jungkook ရဲ့ ညွှန်းပေးမှုကြောင့် ပရိသတ်တစ်ချို့ကလည်း Song Hye Kyo ရဲ့ The Glory ကို စကြည့်ကြတော့မှာ ဖြစ်သလို ကြည့်ပြီးသား ပရိသတ်တွေကလည်း Season (2) ကို Jungkook နဲ့အတူ စောင့်ကြည့်ချင်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/ff/ff025edfb94f32a00ddf615b12dc0abef8bb7a4d.jpg
https://s9.kh1.co/__image/w=650,h=365,q=100/fe/fe638f3365b7d4ff2c8c40dd0130017b62488eab.jpg

Photos: Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T