အဆိပ်ပြင်းတဲ့ မြွေတွေကိုတောင် ပြန်တိုက်ခိုက်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံးပင့်ကူ

//s9.kh1.co/fe/fe51b12b718a70ff61937c6b1180e61694c93519.jpg
ဗဟုသုတအဖြာဖြာ

 ၀၄-ဖေ-၂၀၂၃ ၁pm · လွန်ခဲ့သော တစ်နှစ် က

အဆိပ်ပြင်းတဲ့ မြွေတွေကိုတောင် ပြန်တိုက်ခိုက်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံးပင့်ကူ

သင့်ရဲ့ ပတ်ဝန်းကျင်မှာ ပင့်ကူတွေကို ဘယ်လောက်ကြီးတဲ့အထိ မြင်ဖူးလဲ..? ။ ဒီပင့်ကူကိုတော့ လူတော်တော်များများလည်း မြင်ဖူးကြမယ်မယ်လို့ ထင်ပါတယ်။ သူက ကမ္ဘာပေါ်မှာ အကြီးဆုံးစာရင်းဝင်တဲ့ Goliath Birdeater ဆိုတဲ့ ပင့်ကူဖြစ်ပါတယ်။ Goliath Birdeater ပင့်ကူတွေဟာ အလေးချိန် ၆ အောင်စကျော်ရှိကြပြီး အစွယ်ကတော့ တစ်လမကျော်အထိ ပေါက်နိုင်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းများအရ အကြီးဆုံးတစ်ကောင်ဟာ ညစာပန်းကန်လုံး တစ်လုံးစာလောက်ရှိပြီး ခြေလက်တွေကတော့ ၁၁ လက်မရှည်ကြပါတယ်။ ဒီမျိုးစိတ်တွေက တောင်အမေရိကရဲ့ ဇာတိဖြစ်ပေမယ့် တောတောင်များနှင့် မိုးသစ်တောမှာ နေထိုင်ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

သူတို့ရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်ကို အားကိုးပြီး တစ်ခါတလေ ကြွက်များ၊ အိမ်မြှောင်များ၊ လင်းနို့များနှင့် အဆိပ်ပြင်းသော မြွေများကို ပြန်ပြီး တိုက်ခိုက်ကြပါတယ်။ ပြီးတော့ အင်းဆက်ပိုးမွှားများနှင့် အခြားကျောရိုးမဲ့ သတ္တဝါတွေကို ဖမ်းပြီး သူ့ရဲ့ အဆိပ်ဖြင့် သက်ခြင်းကို နှစ်သက်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူသားတွေအတွက်တော့ အန္တရာယ်မစေပါဘူး။ သူ့ရဲ့ အစိတ်က ခွေးတစ်ကောင် ကိုက်ခံရတာနှင့် ညီမျှပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

Birdeater အမများဟာ ၁၅ နှစ်မှ ၂၅ နှစ်အထိ အသက်ရှင်ကြပေမယ့် အထီးများကတော့ အများအားဖြင့် ၃ နှစ်မှ ၄ နှစ်အထိပဲ အသက်ရှင်ကြတာ ဖြစ်ပါတယ်။ ပြီးတော့ အမများဟာ နှစ်လအတွင်း မျိုးဥ ပေါင်း ၃၀၀ မှ ၄၀၀ အထိ ချနိုင်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ်Source - livescience

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T