ဘာသာပြန် မှားယွင်းမှုကြောင့် ရီစရာ အဖြစ်အပျက်နဲ့ ကြုံခဲ့ရတဲ့ Jungkook နဲ့ Jimin

//s9.kh1.co/bd/bd48abafc831ad34e485fa6895709b4f955fe8dc.jpg
အနုပညာရှင်များ

 ၀၄-ဖေ-၂၀၂၃ ၁၂pm · လွန်ခဲ့သော တစ်နှစ် က

Jimin ဟာ မကြာသေးခင်က Jungkook ရဲ့ Live မှာ.....

မကြာသေးမီက BTS အဖွဲ့ဝင် Jimin နဲ့ Jungkook တို့ဟာ ဘာသာပြန်မှားယွင်းမှုကြောင့် ရီစရာအဖြစ်အပျက်နဲ့ ကြုံခဲ့ရပါတယ်။Jungkook ဟာ မကြာသေးမီကမှ ပရိသတ်တွေရှေ့ကို တိုက်ရိုက်ထုတ်လွှင့်မှုနဲ့အတူ ပြန်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=580,h=330,q=100/63/632a2b7dde31ed71ceb18e14d9efdd0381c0d92e.jpg

Jungkook ဟာ နောက်ထပ်တစ်ကြိမ်ပရိသတ်တွေအလွမ်းပြေအောင် ထပ်မံ တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်ခဲ့ပါတယ်။ဒီတစ်ကြိမ်မှာတော့ Jungkook ဟာကြက်သား mukbang ကို စားရင်း ဇာတ်လမ်းကြည့်ကာ ပရိသတ်တွေနဲ့ စကားပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/43/43316ec6f33844315e55a4c06939bb3aa3a65886.jpg

ထို live ကို အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့ Jimin ဟာ အလုပ်တွေမအားတဲ့ကြားက ကြည့်ရှုခဲ့ပြီး မှတ်ချက်တွေပေးခဲ့ပါတယ်။Jimin ပေးခဲ့တဲ့ မှတ်ချက်တွေထဲက တစ်ခုကတော့ လုံးဝရီစရာအဖြစ်အပျက်ကို ဖြစ်စေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=338,q=100/ba/baaeae9970ec19020e1f8822b89ef40c8e17d149.jpg

Jimin က Jungkook ကို ` ငါ့ကလေးလေး အများကြီးစားပါ။hyung ပြန်သွားတော့မယ် ´ လို့ ရေးခဲ့ပေမယ့် အလိုအလျောက်ဘာသာပြန်မှုမှာ `` ငါ့ပုစွန်၊ငါ့မူရာ၊ဝက်ပေါင်ခြောက်နဲ့ ဂန္ဒီ ´´ ဆိုပြီး လုံးဝမတူတဲ့ ဘာသာပြန်မှု ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=306,h=119,q=100/6e/6e642216c3c3d45519ed102cf6b48d78a6fefeab.jpg

ဒီမှားယွင်းတဲ့ ဘာသာပြန်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားပြီး ပရိသတ်တွေအနေနဲ့လည်း သဘောကျကာ အားရပါးရမောခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=512,h=385,q=100/6b/6be85bcc9ec507202fba4103be8476ccd7924053.webp
https://s9.kh1.co/__image/w=650,h=342,q=100/65/65a91c181e1715592080bb00e21a78ef31e93e6d.jpg

Photos:Credit

သတင်း အရင်းအမြစ်Koreaboo

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T