မင်းသမီး Bella Ranee ဟာ ထိုင်းနိုင်ငံ အနုပညာလောကမှာ အောင်မြင်ကျော်ကြား နေတဲ့ ထိပ်တန်းမင်းသမီးတစ်လတ် ဖြစ်ပါတယ် ။ သူမဟာ နှစ်ရှည်လများ တွဲခဲ့တဲ့ ချစ်သူဟောင်း နဲ့ လမ်းခွဲပြီးနောက်မှာ ချစ်သူ အသစ်မထားဘဲ Single အဖြစ်ပဲ ရှေ့ဆက်ခဲ့ပါတယ် ။
Bella ဟာ တစ်နေ့ တစ်ခြား ပိုမိုလှပလာသလို အောင်မြင်မှုကလည်း တစ်နေ့ တစ်ခြား ကြီးထွား လာ ပါတယ်။ အနုပညာကြေး အမြင့်ဆုံး ထိုင်း မင်းသမီး စာရင်း မှာ ပါဝင် ပြီး International/ Local Brand အများအပြားနဲ့လဲ လက်တွဲ အလုပ်လုပ်ခွင့်ရခဲ့ပါတယ်။
ဒီနေ့မှာတော့ သူ့ရဲ့ Fan page တစ်ခုကနေ မြန်မာနိုင်ငံမှာ လာရောက်လည်ပတ်ခဲ့တဲ့ ပုံလေးတွေကိုပြန်လည်မျှဝေပေးထားပါတယ်။ Bella မြန်မာနိုင်ငံကို လာခဲ့ချိန်တုန်းကတော့ 2016 လောက်တုန်းကလာရောက်ခဲ့တာပါ။ မြန်မာအင်္ကျီလေးနဲ့ ကျက်သရေရှိပြီး လှပလွန်းနေတဲ့ Bella လေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Photo crd & Source : Bella Ranee Myanmar Fan page