လိင်အကြမ်းဖက်မှု မပြုလုပ်ခဲ့ကြောင်း ထပ်မံငြင်းဆိုခဲ့တဲ့ Squid Game သရုပ်ဆောင် O Yeong Su

//s9.kh1.co/18/18e28752d9f0a0a09f69bc3f1363f5021dfc9197.jpg
အနုပညာရှင်များ

 ၀၃-ဖေ-၂၀၂၃ ၃pm · လွန်ခဲ့သော တစ်နှစ် က

Squid Game သရုပ်ဆောင် O Yeong Su ဟာ ဒီကနေ့မှာတော့.....

Squid Game သရုပ်ဆောင် O Yeong Su ဟာ လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုနဲ့ တရားစွဲခံထားရပြီး ဒီနေ့မှာတော့ ရုံးတင်စစ်ဆေးခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။သူဟာ  ခရိုင်တရားရုံးရဲ့ Seongnam Branch မှာ ပထမဆုံးအကြိမ် ကြားနာစစ်ဆေးခြင်းကို ခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/32/328c4890c3ae47a10320dfdc7a692b081a9f2339.jpg

O Yeong Su ဟာ (၂၀၁၇) ခုနှစ်မှာ အမျိုးသမီးတစ်ဦးရဲ့ခန္ဓာကိုယ်အား မဖွယ်မရာထိခဲ့ကြောင်း စွပ်စွဲခံခဲ့ရပြီး (၂၀၂၁) မှာတော့ တရားစွဲခံခဲ့ရတာ ဖြစ်ပါတယ်။ O Yeong Su အနေနဲ့ အမြဲတစေစွဲဆိုချက်တွေကို ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=511,q=100/87/87dc3acbbd6d70ed4fa3ae9e63df8d9bee57c187.jpg

O Yeong Su ဟာ တရားရုံးကို ခေါင်းငုံကာ လမ်းလျှောက်လာခဲ့ပြီး ဘာမှတ်ချက်မှမယ်မယ်ရရ မပေးခဲ့တာ ဖြစ်ပါတယ်။တရားရင်ဆိုင်ရာမှာ တရားလိုဘက်က သူမကို အတင်းပွေ့ဖက်ပြီး သူမ အိမ်ရဲ့ လျှို့ဝှက်ကုဒ်နံပါတ်ကို ရိုက်နေချိန်မှာ သူမရဲ့ညာဘက်ပါးကို နမ်းခဲ့တယ် လို့လည်းဆိုထားခဲ့တာ ဖြစ်ပါတယ်။ထပ်မံပြီး  O Yeong Su ဟာ သူမရဲ့ လက်ကိုပါကိုင်ခဲ့တယ် လို့ ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=835,q=100/d9/d92cbef83c9e5cd06ccb3fc87a94ca35b6fbf791.jpg

ဒါပေမယ့် O Yeong Su ရဲ့ ရှေ့နေကတော့ O Yeong Su ဟာ တရားလိုနဲ့ အိမ်ကိုလမ်းလျှောက်ပြီး အိမ်ပြန်ခဲ့ပေမယ့် လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုနဲ့ ဆိုင်တဲ့အရာ တစ်ခုမှမတွေ့ကြောင်း ပြောပြီး ငြင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။စစ်ဆေးမှုအပြီးမှာတော့ O Yeong Su ကလည်း သူတို့ဟာ လက်ကိုင်ထားခဲ့တာ မှန်ပေမယ့် လိင်ပိုင်းဆိုင်ရာ အဖြစ်အပျက်မျိုးမဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/af/af109eac7556732f5cd26c93d69d10100c4cfd26.jpg

အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင် ရွှေကမ္ဘာလုံးဆုရ  O Yeong Su ဟာ အခုအချိန်မှာတော့ အခုလိုအမှုကိစ္စတွေကြောင့် အနုပညာအလုပ်တွေ ရပ်နားထားရတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/63/631df6d9d7943d9a5634c97fd17482e9e306f631.jpg

Photos: Credit

သတင်း အရင်းအမြစ်Allkpop

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T