ပါးစပ်ထဲမှာ ချွန်ထက်တဲ့ ဓါးပေါင်းအချောင်း ၇၀ ကို ပိုင်ဆိုင်ထားကြတဲ့ ဒိုင်နိုဆောမျိုးနွယ်

//s9.kh1.co/71/717e3fc8c5d0c564736d0c37f48455b2a5f201b2.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-ဖေ-၂၀၂၃ ၁၂pm · လွန်ခဲ့သော တစ်နှစ် က

သူတို့ဟာ တစ်နာရီကို ၂၁ မိုင်လောက်ထိ ပြေးနိုင်ကြပြီး....

ခြေနှစ်ချောင်းနဲ့ ပြေးနိုင်တဲ့ ဒီ Allosaurus ဆိုတဲ့ ဒိုင်နိုဆောဟာ တစ်နာရီ ၂၁ မိုင်လောက် အမြန်ပြေးနိုင်ပါတယ်။ ရှစ်လက်မရှည်တဲ့ ခြေသည်းနဲ့ ချွန်ထက်တဲ့ သွား ၇၀ ရှိပါတယ်။ မကြာသေးမီက ဒိုင်နိုဦးခေါင်းခွံများဆိုင်ရာ သုတေသနပြုချက်အရ Allosaurus ဟာ သူ့ရဲ့မေးရိုးကို ကျယ်ကျယ်ဖွင့်နိုင်ပြီး သွားတွေသာ ချွန်ထက်တဲ့ ဓားလိုပဲ တစ်ခါတစ်လေ သူ့ရဲ့သွားမေးရိုးအပေါ်ပိုင်းနဲ့ သားကောင်ကို လှီးဖြတ်နိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/ac/aceb3f2287eb5000c8621eccde2275c1fcc2f654.webp
https://s9.kh1.co/__image/w=650,h=395,q=100/bb/bb8953c30b800eeee42ba9ad8b3980265a419341.jpg

Allosaurus ဟာ Jurassic ကာလ လွန်ခဲ့တဲ့နှစ်ပေါင်း 145 သန်းခန့်က နေထိုင်ခဲ့ပါတယ်။ Allosaurus ဆိုတဲ့ အမည်ဟာ "ထူးဆန်းတဲ့တွားသွားသတ္တဝါ" လို့ အဓိပ္ပာယ်ရပြီး ဂရိစကားမှဆင်းသက်လာတာဖြစ်ပါတယ်။ ဘာကြောင့်ခုလို နာမည်ဖြစ်နေရတာလဲဆိုတော့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို 1870 ခုနှစ်တွေမှာ ပထမဆုံးရှာဖွေတွေ့ရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=335,q=100/79/79717091e3a1a905df24d9945860348f7f6d34bf.jpg
https://s9.kh1.co/__image/w=650,h=366,q=100/11/11255dbe0a8a8febe3370fbe6f644838b5d700e5.webp

အဲ့ဒီအခါမှာ ဒီဒိုင်နိုဆောရဲ့ ကျောရိုးကိုဖွဲ့စည်းတဲ့ အရိုးငယ်များဟာ နာရီမှန်တွေလို ပုံသဏ္ဍာန်ရှိပြီး အဲဒီအချိန်က သိပ္ပံပညာရှင်တွေလေ့လာခဲ့တဲ့ အခြားဒိုင်နိုဆောကျောရိုး‌တွေနဲ့ ကွဲပြားပါ‌နေခဲ့ပါတယ်။ Allosaurus ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ကော်လိုရာဒို၊ Utah (ကျောက်ဖြစ်ရုပ်ကြွင်းပြည်နယ်)၊ Wyoming နှင့် Montana တို့မှာ တွေ့ရှိခဲ့ပြီး တန်ဇန်းနီးယားနှင့် ဂျာမနီနိုင်ငံတွေမှာ တွေ့ရှိခဲ့ပါတယ်။

သတင်း အရင်းအမြစ်National Geographic

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T