မိဘတွေဖြစ်ပြီးသွားကာမှ အရင်ကထက်ပိုပြီး စတိုင်တွေ မိုက်နေကြတဲ့ P Push တို့ ဇနီးမောင်နှံ

//s9.kh1.co/5c/5c7aed8b70c88dad0913939a904b67c73c5752b5.jpg
အနုပညာရှင်များ

 ၀၃-ဖေ-၂၀၂၃ ၁၁am · လွန်ခဲ့သော တစ်နှစ် က

သားလေး PJ အိပ်နေတဲ့အချိန်မှာ ကေတွေသွားရွိုင်းနေကြတဲ့ ဖေဖေနဲ့မေမေ .. ပိုနုပျိုပြီး လှပနေသောပဲ

ထိုင်းအနုပညာရှင် စုံတွဲတွေဖြစ်ကြတဲ့ ထိုင်းမင်းသား P Push နဲ့ မင်းသမီး Warattaya တို့ကတော့ လက်ရှိမှာ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ P Push ကတော့ လက်ရှိမှာ You Touched My Heart ဆိုတဲ့ ဇာတ်လမ်းလေးထဲမှာ ပါဝင်ထားပြီး ပရိသတ်တွေရဲ့ အားပေးမှုူတွေကို သိမ်းပိုက်ထားနိုင်သူလဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=643,h=621,q=100/31/31fc946ed5ebc0c1021daa24ba654e5c34efd112.png
https://s9.kh1.co/__image/w=650,h=814,q=100/71/711e4cf315d9bada1b5c8d5b61726c50ad3f0948.png

သူတို့နှစ်ယောက်ရဲ့ ဘဝထဲကို သားလေး PJ ကလည်း ရောက်လာပြီမို့ ဖေဖေရော မေမေရောက သူတို့ရဲ့ အချိန်တွေအားလုံးကို သားလေးကိုပဲပေးထားပြီး ချစ်မဝနိုင်ဖြစ်နေကြတာပါ။ လက်ရှိမှာတော့ Warattaya က အနုပညာအလုပ်တွေကို ရပ်နားထားပြီး သားလေးနားမှာပဲ အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်နေတာလဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=617,h=779,q=100/92/924a1b44ba194961dd0e94bc4cd29f4a3eb2fe23.png
https://s9.kh1.co/__image/w=617,h=776,q=100/ef/efa7c3264d188bef17a84d65359b86eb10212c2a.png

ဒါပေမယ့် ဒီနေ့လေးမှာတော့ သူတို့နှစ်ယောက်ရဲ့ Instagarm မှာ ပုံလေးတွေကို မျှဝေထားပါတယ်။ ဖေဖေရောမေမေရောက အရင်က ပုံစံနဲ့မတူဘဲ ဆံပင်ညှပ်ပြီး စတိုင်အသစ်တွေ မိုက်နေကြတာပါ။ ချစ်ဖို့ကောင်းတဲ့ ပုံလေးတွေနဲ့အတူ “သားလေးအိပ်နေတဲ့အချိန် ဖေဖေနဲ့မေမေက ဆံပင်သွားညှပ်နေတာ” ဆိုတဲ့ Caption လေးနဲ့ ရေးပြီးတင်ထားတာပါ။ နှစ်ယောက်လုံးက ဆံပင်အတိုလေးတွေနဲ့ ပိုနုသွားပြီး ပိုချောလာတယ်လို့ ပရိသတ်တွေကလည်း Comment တွေကနေ ဝိုင်းချစ်နေကြပါတယ်။

https://s9.kh1.co/__image/w=650,h=809,q=100/7e/7ef37d01f9233b6204ba968b49e4065aa27d0824.png
https://s9.kh1.co/__image/w=650,h=817,q=100/50/50ab6483b85da255eca183fd5ec219dad1dfcd75.png
https://s9.kh1.co/__image/w=650,h=818,q=100/11/118fcaaecbb82c0080cec414bf94259655190a98.png

သတင်း အရင်းအမြစ်Warattaya's IG Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T