အဆိပ်ရှိရုံသာမက ထိတ်လန့်စရာကောင်းတဲ့ အပူအာရုံခံစနစ်ကိုပါ ပိုင်ဆိုင်ထားတဲ့ Pit Viper

//s9.kh1.co/02/02fd45859c4506e1893fbc74c296a59f15d75c3e.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-ဖေ-၂၀၂၃ ၁၀am · လွန်ခဲ့သော တစ်နှစ် က

Pit Vipers တွေမှာ ထူးခြားတဲ့ အင်္ဂါတစ်ခု ပါရှိပါတယ်......

Pit Vipers လို့ လူသိများတဲ့ မြွေအုပ်စုတစ်စုရှိပါတယ်။ ဒီမြွေတွေမှာ အဆိပ်ရှိရုံသာမက သူတို့မှာ အလွန်အေးမြတဲ့ အပူအာရုံခံစနစ်ပါရှိပါတယ်။ မြွေမျိုးစိတ်အများစုဟာ ညဘက်မှာ အမဲလိုက်ရတာကို ကြိုက်နှစ်သက်ပါတယ်။ ဒါကြောင့် ဒီအာရုံခံစနစ်ဟာ သူတို့ကို အမှောင်ထဲမှာ သားကောင်ကို မြင်တွေ့နိုင်စေဖို့ ကူညီပေးပါတယ်။ မျက်လုံးနှင့် နှာခေါင်းကြားမှာ “ Pit ” ဆိုတဲ့ အထူးအင်္ဂါတစ်ခုရှိပါတယ်။

https://s9.kh1.co/__image/w=600,h=399,q=100/70/702cbd0873e261f553e7903830e1616066091714.jpg
https://s9.kh1.co/__image/w=650,h=434,q=100/61/616ccaea5993be37673a2eb0487d61cf1a3e8dd9.webp

ဒီအထူးအင်္ဂါဟာ တိရစ္ဆာန်တွေဆိက ခန္ဓာကိုယ် အပူကို အာရုံခံပြီး မြွေဆီကို အဲ့ဒီတိရစ္ဆာန်ရဲ့ ပုံရိပ် ပေးပို့ပါတယ်။ မြွေဟာ အဲ့ဒီအခါမှာ သားကောင်ကို တိုက်ခိုက်နိုင်ပါတယ်။ အချို့ မြွေဟောက်တွေဟာ သားကောင်ကို အဆိပ်သင့်စေဖို့ အဆိပ်ကို ထိုးသွင်ဖို့ ကိုက်ကြပြီး လွှတ်ပေးပါလိမ့်မယ်။ အဲ့ဒီအခါ ပြေးသွားတဲ့ တိရစ္ဆာန်နောက်ကို သေပြီးလဲကျသွားတဲ့ထိ အပူအာရုံခံကာ လိုက်သွားတတ်ပါတယ်။ လဲမကျရင်တောင် ပြေးတာရပ်သွားတဲ့အခါမှာ သူတို့ဟာ မျိုချစားသုံးမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=452,q=100/ba/bacad8a52a0926831567275801ebb5b389aa614e.webp
https://s9.kh1.co/__image/w=650,h=366,q=100/fb/fb56f981fd19b7ad5bfddb9129d42d95c0516dcc.webp

လေအေးလာတဲ့အခါမှာ ဒီမြွေအများစုဟာ ညအချိန်မှာ အမဲလိုက်ကြပြီး ကြွက်တွေနဲ့ အခြားသားကောင်တွေရဲ့ အပူဟာ သူတို့အတွက် အထင်ရှားဆုံးဖြစ်ပါတယ်။ ပိုကြီးတဲ့ တိရစ္ဆာန်ဆီက “ အပူဓာတ် ” ဟာ မြွေကိုအမြန်‌ ပြေးထွက်ဖို့ ပြောပြတတ်ပါတယ်။ Pit Viper နဲ့တူတဲ့ တခြားမျိုးစိတ်တွေကတော့ Water Moccasins၊ Horned Desert Viper၊ Lance-head၊ Eyelash Viper နဲ့ Copperhead တို့ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/29/29f83a0e603e450e9d80a42e49bc3586f43fe530.jpg

သတင်း အရင်းအမြစ်kid zone

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T