သားပေါက်လေးတွေကို ကာကွယ်ဖို့ ဒဏ်ရာရချင်ယောင် ဟန်ဆောင်တတ်တဲ့ ငှက်မျိုးစိတ်

//s9.kh1.co/df/dfabc30a329cab3704653b4188803ea581803cd0.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-ဖေ-၂၀၂၃ ၉am · လွန်ခဲ့သော တစ်နှစ် က

သူတို့ရဲ့နောက်ထပ်ထူးခြားချက်ကတော့ ဆံပင်ကေပါပဲ.....

မက္ကဆီကိုနှင့် အီကွေဒေါကြားရှိ မိုးသစ်တောများကိုဖြတ်ပြီး ခရီးသွားမယ်ဆိုရင် ဒီထူးဆန်းတဲ့ပုံစံနဲ့ငှက်ကို တွေ့မြင်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ကြမ်းတမ်းပြီး ရန်လိုတတ်တာကြောင့် အနားမကပ်ဖို့တော့ သတိထားတတ်ရပါမယ်။

https://s9.kh1.co/__image/w=650,h=520,q=100/52/526b66be43c09f1b1326564722d84c666126331e.webp
https://s9.kh1.co/__image/w=650,h=911,q=100/f0/f0a1fbe9dde19fb042af3a816925af9ed12d4db6.jpg

အထီးဟာ အနက်ရောင်ရှိပြီး အဝါရောင်တောက်တောက်အဖုရှိပြီး အမဟာ နက်မှောင်တဲ့ဦးခေါင်း၊ နီညိုရောင်ကိုယ်ထည်နှင့် အမြီးပါရှိပါတယ်။ ဒီမျိုးစိတ်တွေကို ထင်ရှားစေတဲ့အရာမှာ အထီးရော အမရောမှာ ဆံပင်အကောက်ပုံစံ ညှပ်ထားသလိုဖြစ်နေတဲ့ သူတို့ရဲ့ အမောက်ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/03/03ba9fa195abc8d4d1d63bf8a4064770d7b32af1.jpg
https://s9.kh1.co/__image/w=650,h=488,q=100/ab/ab2dc225a8738854586a10102c222cf89a7258f0.jpg

မြေပြင်ပေါ်ရှိ ကြွေကျနေတဲ့ အသီးအနှံတွေသာမကဘဲ အင်းဆက်များနှင့် အရွက်တွေကို အတူတကွ စားကြတဲ့အခါမှာ ခိုတွေလို အုပ်စုလိုက်ကြီး တွေ့ရမှာဖြစ်ပါတယ်။ သူတို့ဟာ ဘဝမှာတစ်ကောင်ဆို တစ်ကောင်ပဲချစ်တတ်ကြတဲ့ ငှက်မျိုးဖြစ်ပါတယ်။ သူတို့ရဲ့ ငှက်ပေါက်လေးတွေ မထိခိုက်စေဖို့အတွက် သူတို့ကိုယ်သူတို့ ဒဏ်ရာရချင်ယောင် ဟန်ဆောင်ပြီး အမဲလိုက်သားကောင်တွေကို အာရုံလွှဲနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=432,q=100/c5/c5e8446e0874f1a566482199a5d9d09436ff7d1c.jpg
https://s9.kh1.co/__image/w=457,h=640,q=100/b4/b4db11761fcf185e3da5e59f950842578d66968a.jpg

သတင်း အရင်းအမြစ်just birding

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T