နှစ်ပေါင်း ၁၂၀၀၀ ခန့်သက်တမ်းရှိ ကမ္ဘာ့ရှေးအကျဆုံး သစ်သားရုပ်တု

//s9.kh1.co/86/86ec70c0b6805cbf61e7d37b68d2af7fa2f7a8a0.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-ဖေ-၂၀၂၃ ၉am · လွန်ခဲ့သော တစ်နှစ် က

နှစ်ပေါင်း ၁၂၀၀၀ ခန့်သက်တမ်းရှိ ကမ္ဘာ့ရှေးအကျဆုံး သစ်သားရုပ်တု

Shigir Sculpture (သို့) Shigir Idol ဟာ နောက်ဆုံးရေခဲခေတ်ကုန်ဆုံးပြီး  Mesolithic ခေတ်အတွင်း ပြုလုပ်ခဲ့တဲ့ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး သစ်သားပန်းပုရုပ်တုဖြစ် ပါတယ်။ ဒီသစ်သားရုပ်ဟာ နှစ်ပေါင်း ၁၂၀၀၀ ခန့်သက်တမ်းရှိပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၈၉၀ နှစ်က ရွာအနီးရှိ ယူရယ်လ်မြစ်အရှေ့ဘက်စောင်းတန်းက ၄ မီတာ (၁၃ ပေ) အနက်မှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

မှတ်တမ်းတွေအရဆိုရင် အနည်းဆုံး သက်တမ်း ၁၅၉ နှစ်လောက်ရှိတဲ့ သစ်ပင်ကို ခုတ်လှဲပြီးထွင်းထုထားတာ ဖြစ်ပါတယ်။ ထွင်းထုတဲ့ အချိန်မှာလည်း ကျောက်တုံးတွေကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ ထိပ်ပိုင်းမှာတော့ မျက် ၊ နှာခေါင်း ၊ ပါးစပ်ပါတဲ့ ဦးခေါင်းပါရှိပေမယ့် ကိုယ်ထည်ကတော့ ပြားချပ်ချပ်နှင့် စတုဂံပုံဖြစ်နေပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ဂျီဩမေတြီပုံသဏ္ဍာန်များဟာ အထူးသဖြင့် မျက်နှာပြင်ကို ဇစ်ဇတ်လိုင်းများ ၊ လူ့မျက်နှာနှင့် လက်များကို သရုပ်ဖော်ခြင်းများ အပါအဝင် အလှဆင်ထားကြတာပါ။ ရင်ခေါင်းရဲ့ အဆင့်ရှိ အလျားလိုက်မျဥ်းများကတော့ နံရိုးများကို ကိုယ်စားပြုနိုင်ပြီး ပျက်တောက်နေတဲ့ မျဉ်းကြောင်းများဟာ ခန္ဓာကိုယ် ဖြစ်ဖော်ပြတယ်လို့ ဆိုပါတယ်။

Photo Credit – From Google
Photo Credit – From Google

ဘာကြောင့် ဒီလို့ ရုပ်တုတွေကို ထွင်းထုခဲ့သလဲဆိုတာ မသိရပေမယ့် လျှို့ဝှက်ဆန်းကြယ်မှု ရှိတာတော့ အမှန်ပါ။  လက်ရှိမှာတော့ အဆိုပါ သစ်သားရုပ်ထုဟာ ရုရှားနိုင်ငံ၊ Yekaterinburg ရှိ Sverdlovsk ဒေသဆိုင်ရာ Local Lore ပြတိုက်မှာ ပြသထားပါတယ်။

သတင်း အရင်းအမြစ်Source - Tareekh Kay Oraq تاریخ کے اوراق

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T