တခြားယုန်တွေနဲ့မတူဘဲ ညအချိန်မှာသာ အစာရှာထွက်တတ်ကြတဲ့ Riverine ယုန်မျိုးစိတ်

//s9.kh1.co/a4/a490efb665175832a5647181af457cf800b52df9.jpg
ဗဟုသုတအဖြာဖြာ

 ၀၂-ဖေ-၂၀၂၃ ၁၁am · လွန်ခဲ့သော တစ်နှစ် က

သူတို့ကိုကြည့်လိုက်သာမန်ယုန်တွေနဲ့ မကွာပဲ.....

Riverine ယုန်ဟာ တောင်အာဖရိကမှာ နေထိုင်တဲ့ နို့တိုက်သတ္တဝါငယ်လေးဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာပေါ်မှာ မျိုးသုဉ်းဖို့ အန္တရာယ်အရှိဆုံး တိရစ္ဆာန်တွေထဲက တစ်ခုဖြစ်ပါတယ်။ မြစ်ရေယုန်ရဲ့ သိပ္ပံအမည်မှာ Bunolagus monticularis ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/97/9797469adf619d905d8b32a7474559d7f67ffa4e.jpg

Riverine ယုန်တွေဟာ Karoo အလယ်ပိုင်းနှင့် တောင်ပိုင်းရှိ မြစ်များကမ်းပါးများ (သစ်ပင်များ သို့မဟုတ် ချုံပင်များထူထပ်သောနေရာများ) မှာ နေထိုင်ကြပါတယ်။ Karoo ဟာ တောင်အာဖရိကရဲ့ သဲကန္တာရကြီးတစ်ခုဖြစ်ပါတယ်။ Riverine ယုန်တွေဟာ ထူထဲတဲ့ ချုံပုပ်တွေထဲကနေ လျင်မြန်စွာ ရွေ့လျားနိုင်ပါတယ်။ ဒီစွမ်းရည်ဟာ သားကောင်များ (သူတို့ကို စားလိုတဲ့ တိရစ္ဆာန်များ) ရန်ကနေ ကာကွယ်ပေးပါတယ်။

https://s9.kh1.co/__image/w=650,h=436,q=100/e9/e9af6b617600a44abd53790b2961a001fc38f832.jpg

ဒီယုန်ထီးတွေရဲ့ အလေးချိန် ၃.၃ ပေါင် (၁.၅ ကီလိုဂရမ်) ခန့်ရှိပါတယ်။ အမတွေကတော့ နည်းနည်းလေးပါတယ်။ Riverine ယုန်တွေဟာ အခြားယုန်‌တွေထက် နားရွက်ပိုရှည်ပါတယ်။ သူတို့မျက်လုံးပတ်လည်မှာ အဖြူရောင်လက်စွပ်လို အဝိုင်းတွေရှိပါတယ်။ အနက်ရောင်အစင်းကြောင်းများက ပါးစပ်ထောင့်မှ ပါးပြင်များအထိ ရှိပါတယ်။ အမွှေးဟာ နီညိုရောင်ရှိပြီး အနက်ရောင်အစက်အပြောက်များရှိပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/b9/b97a38319b28694c1bfe821e066ca3470f09682f.jpg

ဒီယုန်တွေဟာ အရွက်များနှင့် ပန်းပွင့်များကို အဓိကစားပါတယ်။ မိုးရာသီမှာတော့ မြက်နုများကို စားပါတယ်။ ယုန်ဟာ ညအချိန်မှာ ကျက်စားတဲ့ တိရစ္ဆာန်ဖြစ်ပါတယ်။ ဆိုလိုတာက‌တော့ ညဘက်မှာ လှုပ်ရှားတာမျိုးကို ပြောတာဖြစ်ပါတယ်။ သူတို့ဟာ နေ့ဘက်မှာ ပုန်းအောင်းနေဖို့အတွက် ပျော့ပျောင်းတဲ့ မြစ်ကမ်းပါး‌တွေမှာ တွင်းများကို တူးတတ်ပါတယ်။ တခြားယုန်တွေလိုတော့ မျိုးမပွားပါဘူး။ များသောအားဖြင့် မိခင်တစ်ယောက်ဟာ တစ်ကြိမ်ကို ကလေးတစ်ယောက် သို့မဟုတ် နှစ်ယောက်သာ မွေးပါတယ်။

https://s9.kh1.co/__image/w=650,h=484,q=100/4f/4f4c4d37949abeedf6a3509470553d0b6432b64c.jpg

သတင်း အရင်းအမြစ်

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T