ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို ချပြလာတဲ့ ကျားသစ်မလေး

//s9.kh1.co/61/61ef63ffaa43cbe15a1981d69cd3808f827e4ff2.jpg
အားကစားသတင်းများ

 ၀၁-ဖေ-၂၀၂၃ ၉am · လွန်ခဲ့သော တစ်နှစ် က

ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို ချပြလာတဲ့ ကျားသစ်မလေး

Thai Fight မွေ့ထိုင်းလက်ဝှေ့ပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံအတွက် အောင်ပွဲတွေ ရယူပေးနေတဲ့ သူကတော့ ကယန်းကျားသစ်မယ် ဘရော်နီကာ ဖြစ်ပါတယ်။ ဘရော်နီကာဟာ ယှဉ်ပြိုင်ထိုးသတ်လာတဲ့ ပြိုင်ပွဲတစ်လျှောက်မှာ ပြိုင်ဘက်ကို အကောင်းဆုံးထိုးသတ်ခဲ့ပြီ အနိုင်ယူပြခဲ့တာ ဖြစ်ပါတယ်။

Photo Credit – Vero Nika
Photo Credit – Vero Nika
Photo Credit – Vero Nika
Photo Credit – Vero Nika

သူမရဲ့ ကြိုးစားအားထုတ်မှုကြောင့် မြန်မာပရိသတ်တွေရဲ့ အားပေးမှုတွေအပြင် ထိုင်းပရိသတ်တွေပါ မျက်စိကျလာတာ တွေ့ရပါတယ်။ ဒါ့အပြင် ဘရော်နီကာ ဟာ မွေ့ထိုင်းလောကထဲနေ ထွက်ပြီး မကြာခင်မှာ ကမ္ဘာကျော် MMA လောကထဲကို ခြေဆန့်သွားမှာကိုလည်း မြင်တွေ့ရမှာပါ။

Photo Credit – Vero Nika
Photo Credit – Vero Nika
Photo Credit – Vero Nika
Photo Credit – Vero Nika

ယမန်နေ့ကတော့ ဘရော်နီကာက သူ့ဘဝမှာ ပထမဆုံး အမှတ်တရ ဖြစ်စေမယ့်ပုံရိပ်တချို့ကို ဖော်ပြခဲ့ပါတယ်။ ဒါကတော့ တွဲဖော်တွဲဖက် လေ့ကျင့်သင်ကြားနေတဲ့ ထိုင်းက ဖိုက်တာ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံခဲ့တဲ့ အမှတ်တရပုံတွေ ဖြစ်ပါတယ်။ ဒီပုံလေးတွေက ဘရော်နီကာရဲ့ အမှတ်တရဖြစ်စေခဲ့သလို ပရိသတ်တွေအတွက် ကြည်နူးစရာ ဖြစ်စေတာတော့ အမှန်ပါ။

Photo Credit – Vero Nika
Photo Credit – Vero Nika
Photo Credit – Vero Nika
Photo Credit – Vero Nika

သတင်း အရင်းအမြစ်Source - Vero Nika

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T