သားလေး ပျော်ရွှင်ဖို့က အရာအားလုံးထက် ပိုအရေးကြီးပါတယ်လို့ ဆိုလာတဲ့ ဂျင်ဆန်းမီ

//s9.kh1.co/16/16adc92e1daf52d1d8566b4bd00005e44e39893a.jpeg
အနုပညာရှင်များ

 ၂၉-ဇန်-၂၀၂၃ ၁၀am · လွန်ခဲ့သော တစ်နှစ် က

သားလေး ပျော်ရွှင်ဖို့က အရာအားလုံးထက် ပိုအရေးကြီးပါတယ်လို့ ဆိုလာတဲ့ ဂျင်ဆန်းမီ

တောင်ကိုရီးယားမင်းသမီး Park Chae-rim ဟာဆိုရင် ဆည်းဆာရင်ခုန်သံ ဇာတ်လမ်းတွဲထဲက ဂျင်ဆန်းမီအဖြစ်နဲ့ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက် ရရှိခဲ့သူလေးဖြစ်ပါတယ်။ Park Chae-rim ဟာ ကိုရီးယားနိုင်ငံမှာအောင်မြင်တဲ့ မင်းသမီး ဖြစ်ခဲ့ရုံသာမက တရုတ်ပြည်မှာလည်း နာမည်တော်တော် ကြီးခဲ့တဲ့ မင်းသမီးဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=860,q=100/69/69dc995fecff9f125966f96f5c060b4a711c1a56.png

Park Chae-rim က တောင်ကိုရီးယားက ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြီးတဲ့နောက်မှာ တရုတ်ပြည်က နာမည်ကြီးမင်းသား Jiame Gao နဲ့ ဒုတိယအကြိမ် လက်ထပ်ခဲ့ပြီး တရုတ်ပြည်မှာနေထိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=808,q=100/13/13eec5c07dbae6370d92826d5130fd2654295da5.png

ဒုတိယ အိမ်ထောင်နဲ့လည်း ကွာရှင်းခဲ့ရပြန်တဲ့ Park Chae-rim ဟာ ကွာရှင်းပြီးတဲ့နောက်မှာ သားလေးကို လက်ဆွဲပြီး တောင်ကိုရီးယားကို ပြန်လာခဲ့ပါတယ်။ Park Chae-rim က သူမရဲ့ သားလေးကို အသက်လောက်ချစ်ပြီး သားလေး ပျော်ရွှင်ဖို့ ကအရာရာလို့ ဆိုခဲ့တဲ့ သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/62/6225ca1ac655dc3bcf7b5368fa81d9701a1d7237.png

Park Chae-rim က တောင်ကိုရီးယားကို ပြန်ရောက်ပြီးတဲ့နောက်မှာ အနုပညာအလုပ်တွေ မလုပ်တော့ပဲ သူမရဲ့သားလေးကိုသာ အချိန်ပေးပြီး ဂရုစိုက်ပေးနေခဲ့ပါတယ်။ လက်ရှိမှာ Park Chae-rim က သူမရဲ့သားလေးနဲ့အတူတူ ဂျယ်ဂျူကျွန်းကို ရောက်ရှိနေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=812,q=100/da/da7fdbddaa682d23d4e00c9db8e66d9f53bb6445.png

Park Chae-rim က သူမရဲ့ နေ့စဉ်ရက်တိုင်းကို သားလေးပျော်ရွှင်ဖို့အတွက်သာ ဆောင်ရွက်ပေးနေပြီး သားလေးသာ ပျော်တယ်ဆိုရင် လုံလောက်တာထက် ပိုသွားပြီလို့ ဆိုပါတယ်။သားလေးကို တင်းကျပ်စွာ ဖက်ထားပြီး ပွေ့ချီထားတဲ့ တောင်ကိုရီးယားမင်းသမီး Park Chae-rim ရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=620,h=936,q=100/34/3467aef4f96ab7aa67ffbeb2ab9f149594e938db.png
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T