ဆောင်းဟေကိုထက် အများကြီးပိုပြီးနုပျိုနေတဲ့ တချိန်ကမင်းသားကြီး ထယ်စောက်…

//s9.kh1.co/45/45a7ba1f623c34d0cd64da21b63344d22165b9a9.jpg
အနုပညာရှင်များ

 ၂၈-ဇန်-၂၀၂၃ ၁pm · လွန်ခဲ့သော တစ်နှစ် က

KBS ဒရမ်မာတွေနဲ့ ပရိသတ်တွေရဲ့ရှေ့ကို ရောက်လာခဲ့ပြီး…

တချိန်ကမြန်မာပြည်က ဒရမ်မာချစ်သူပရိသတ်တွေကြားမှာ ထယ်စောက်ဆိုရင်မသိတဲ့လူမရှိပါဘူး။ Won Bin လို့ခေါ်နဲ့ မင်းသား ထယ်စောက်ဟာ ၁၉၉၀ ကျော်နဲ့ ၂၀၀၀ ခုနှစ်အစောပိုင်းတွေက အအောင်မြင်ဆုံး မင်းသားတစ်ယာက်ဖြစ်ခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှာမွေးဖွားခဲ့တဲ့ Won Bin ဟာမွေးချင်း ၅ ယောက်ထဲအငယ်ဆုံးသား ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=348,h=550,q=100/cc/cc811fa9a5e3278f03a0d67e4532edfd1edabe1d.jpg

၁၉၉၆ ခုနှစ်မှာ အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့တဲ့ မင်းသား Won Bin ဟာ KBS ဒရမ်မာတွေနဲ့ ပရိသတ်တွေရဲ့ရှေ့ကို ရောက်လာခဲ့ပြီး ၂၀၀၀ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” ဒရမ်မာမှာ ထယ်စောက်ဆိုတဲ့နေရာက သရုပ်ဆောင်ခဲ့မှုက သူ့ကိုလူသိများစေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=684,q=100/eb/ebf1bd83e3a6a3f563d5f5426fdfd707dc19f257.jpg

၂၀၁၅ ခုနှစ်မေလ ၃၀ ရက်နေ့မှာတော့ မင်းသား Won Bin ဟာ မင်းသမီး Lee Na young နဲ့လက်ထပ်ခဲ့ပြီး လက်ရှိမှတော့ သားလေးတစ်ယောက်နဲ့ မိသားစုဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလျက်ရှိနေပါတယ်။

https://s9.kh1.co/__image/w=650,h=721,q=100/bc/bc9400085d9e0bb563e96a2e8b2da5fca80817b2.jpg
https://s9.kh1.co/__image/w=650,h=805,q=100/49/490bf1935f48bcac09e0f6544f717e6a0172d4fa.jpg

လက်ရှိ ပုံတွေမှာတော့ အသက် ၄၅ နှစ်ဆိုတဲ့အရွယ်နဲ့ ဆန့်ကျင်ဖက်ရုပ်မျိုးကိုတွေ့ရပြီး နုပျိုနေတာကို တွေ့ရပါတယ်။ ရုပ်ရှင်ဇတ်ကားတွေရိုက်ကူးတာကနေ ရပ်နားထားပြီးအနုပညာရှင်လောကထဲကနေ ခေတ္တထွက်ခွာသွားပေမယ့် ပရိသတ်တွေကတော့ ဒီနေ့အချိန်ထိ မမေ့သေးပဲအရွယ်မကျသေးတဲ့ သူတို့ရဲ့ငယ်ချစ်ဦး မင်းသားကြီးကို စောင့်မျှော်နေကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=762,q=100/e9/e926bd796a9b70c6905479f6af0f2dc7aa57ab78.jpg

Photos- credit 

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T