၁၀ နှစ်ကျော်လောက် အတူရှိလာပြီးတဲ့နောက်မှာ BTS အဖွဲ့ဝင်တွေဟာ မိသားစုတစ်ခုလိုရင်းနှီးစွာနဲ့ ဆက်ဆံကြတာဟာ ထူးဆန်းတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အလုပ်ကိစ္စတွေအတူတူလုပ်စရာ မရှိရင်တောင်မှ သူငယ်ချင်းတွေလို အမြဲတမ်းအတူတူရှိနေကြတဲ့ အဖွဲ့ဖော်တွေဖြစ်ပါတယ်။

မကြာသေးမီကတော့ V နဲ့ Jungkook တို့ကြားက အခိုက်အတန့်တစ်ခုဟာ ပရိသတ်တွေကို အသည်းယားစေခဲ့ပါတယ်။ BTS အဖွဲ့ဝင်တွေထဲမှာဆိုရင် Jungkook နဲ့ V တို့နှစ်ဦးကို Taekook လို့နာမည်ပြောင်ပေးထားပြီး သူတို့ရဲ့ဆက်ဆံရေးဟာ ချစ်ဖို့ကောင်းပြီး လူတွေရဲ့စိတ်ဝင်စားမှုကို အခံရဆုံးဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့က BTS V ဟာဆိုရင် Weverse ပေါ်မှာ ရုတ်တရတ် live လွှင့်ခဲ့ပြီး ပရိသတ်တွေကို suprise တိုက်ခါ အချိန်ဖြုန်းခဲ့ပါတယ်။ live စလွှင့်ပြီး နှစ်မိနစ်လောက်ကြာတဲ့အခါမှာတော့ အာမီလေးတွေဟာ နောက်မှာတစ်စုံတစ်ယောက်သီချင်း ဆိုနေတာကို ကြားရပြီး စက္ကန့်အနည်းငယ်အကြာမှာတော့ V ဟာ live လွှင့်တာကို ရုတ်တရတ်ရပ်တန့်ခဲ့တာကို တွေ့ရပါတယ်။

အာမီလေးတွေဟာ BTS ရဲ့အမာခံ fans တွေဖြစ်တာကြောင့် အဖွဲ့ဝင် ၇ ယောက်အကြောင်း ကောင်းကောင်းသိပြီး V ရဲ့ live မှာထွက်လာတဲ့အသံဟာ Jungkook ရဲ့အသံဖြစ်ကြောင်း တန်းပြီးသိခဲ့ပါတယ်။ ခဏအကြာမှာတော့ V ကပြန်လာပြီး ဒုတိယ live ကိုပြန်လွှင့်ခဲ့ပါတယ်။ V ကသူ့အနေနဲ့ live ကိုရပ်လိုက်တယ်ဆိုတာဟာ သူ့အနေနဲ့ Jungkook နဲ့ အတူရှိနေပြီး ဂိမ်းအတူဆော့နေပြီး live ဆက်မလွှင့်သင့်ဘူးလို့ထင်တာကြောင့် live ကိုရပ်လိုက်တာလို့ ပြောပါတယ်။

ပရိသတ်တွေကတော့ Jungkook ဟာ V လေးကို live ပိတ်စေချင်တာကြောင့် အသံပေးနေတာဖြစ်နိုင်တယ် လို့ပြောနေကြပြီး အသည်းတွေလည်းယားနေကြပါတယ်။
Photos- credit