အတိတ်ကပုံတွေကြောင့် ‌‌ဆောင်းဟေကို ကိုဝေဖန်ခဲ့ကြတဲ့ ဆိုရှယ်မီဒီယာ အသုံးပြုသူများ

//s9.kh1.co/c8/c814fb46b6e7f2a952d33d9fc5c4b6e24002c738.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

ထိုပို့စ် အောက်မှာ ဆိုရှယ်အသုံးပြုသူတစ်ချို့ဟာ မကောင်းတဲ့မှတ်ချက်တွေကို ရေးသားခဲ့ကြပြီး.....

တောင်ကိုရီးယားနာမည်ကျော် မင်းသမီး ဆောင်းဟေကို ဟာအောင်မြင်မှုများစွာ ရရှိထားတဲ့ မင်းသမီးဖြစ်တဲ့အလျောက် ချစ်ခင်အားပေးသူတွေရှိသလို မနာလိုမုန်းတီးတဲ့သူတွေလည်း ရှိကြတာ ဖြစ်ပါတယ်။ မကြာသေးမီက လူတစ်ယောက်က ဆောင်းဟေကို ရဲ့ ယခင်က ကျောင်းဝတ်စုံနဲ့ ဓာတ်ပုံတွေကို လူမှုကွန်ယက်မှာတင်ခဲ့ပြီး အင်တာနက်အသုံးပြုသူတွေက မကောင်းတဲ့မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=630,q=100/a0/a06e4666a59d1cdaf7785d9f75f9a14c232be98d.jpg

မကြာသေးခင်က ခင်ပွန်းဟောင်းဖြစ်တဲ့ ဆောင်းဂျွန်ကီဟာ ဗြိတိန်မင်းသမီးနဲ့ တွဲနေကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာကြောင့် ဆောင်းဟေကို ပရိသတ်တွေဟာ သူတို့အားပေးတဲ့ မင်းသမီးအတွက် မကျေမနပ်ဖြစ်ခဲ့ကြပြီး ဆောင်းဂျွန်ကီအပေါ် ဒေါသထွက်ကာ ဝေဖန်ခဲ့ကြပါတယ်။ဒါကြောင့် ဆောင်းဂျွန်ကီရဲ့ ပရိသတ်အချို့ထဲကလည်း ဆောင်းဟေကို ကိုပြစ်တင်ဝေဖန်ခဲ့ကြပြီး နှစ်ဖက်ပရိသတ်တွေကြား အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်နေတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=514,q=100/66/660e3aef85ccc1d9217a9c265c6d93c818162b87.jpg

အထူးသဖြင့် ဒီဇင်ဘာ (၂၇)ရက်မှာ “ကျောင်းဝတ်စုံနဲ့ မော်ဒယ်လုပ်ဖူးတဲ့ ဆယ်ကျော်သက်အရွယ် ဆောင်းဟေကို ကို မြင်ဖူးလား” လို့ ခေါင်းစဉ်တပ်ထားတဲ့ ပို့စ်တစ်ခုကို ထုတ်ဝေခဲ့ပြီး ဓာတ်ပုံတွေဟာကျောင်းဝတ်စုံကို ဆံပင်ပုံစံအမျိုးမျိုးနဲ့ ဝတ်ဆင်ထားတဲ့ လူငယ်ဘဝက ဆောင်းဟေကိုရဲ့ ပုံတွေဖြစ်ပေမယ့် လူကြိုက်များတဲ့ပုံတွေကို မရွေးချယ်ခဲ့ဘဲ သူမကို ဝေဖန်မယ့်ပုံတွေကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။တစ်ချို့က " ဆောင်းဟေကို က ငယ်ငယ်ကတည်းက အဒေါ်နဲ့တူတယ် " လို့တောင် ပြောကြသလို တစ်ချို့ကလည်း " မင်းသမီးမျက်နှာက ကြီးလွန်းတယ်၊ပါးရိုးတွေ အရမ်းကားလွန်းတယ်၊အချိုးမပြေဘူး” လို့ ​ဝေဖန်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=392,q=100/a9/a94754431bf5c6231a2e990451267325b842f97a.jpg

ဆောင်းဟေကို ပရိသတ်တစ်ချို့ကလည်း " သူမကို မုန်းတီးတဲ့အချက်က ဘာလဲ၊ ဆယ်ကျော်သက်အရွယ်မှာတောင် ယောက်ျားလေးတွေက မင်းထက် ဆောင်းဟေကို ကို ရွေးချယ်မှာ၊သူမက တကယ့်လှပတဲ့ ဂန္တဝင်မင်းသမီးပါ'' လို့ ပြန်လည်ချေပခဲ့ကြပါတယ်။တင်တဲ့သူဟာ ဘယ်သူ့ပရိသတ်ဖြစ်ပြီး ဘာကြောင့်တင်လဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိကြသေးတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=563,q=100/f9/f91b04d8493ed6dcf120bb3f48d4e748b1966a4e.jpg

Photos: Credit

သတင်း အရင်းအမြစ် Kbizoom

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T