ပြင်းပြင်းထန်ထန် ဝေဖန်ဆဲဆိုတာကိုခံနေရတဲ့ ဟောင်ကောင်ဂျက်မ မီရှဲယိုး…

//s9.kh1.co/a9/a98b0caf2f77634e1e50f380898bfa3eb6655d0c.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၃ ၂pm · လွန်ခဲ့သော ၂ နှစ် က

တရုတ်နွယ်ဖွား အနုပညာရှင်တွေနဲ့ ဝန်ထမ်းတော်တော်များများဟာ...

ဟောလိဝုဒ်ရုပ်ရှင်လောကမှာ အဓိကရိုက်ကူးနေတဲ့ တရုတ်နွယ်ဖွားသရုပ်ဆောင်တွေကို တရုတ်လူမျိုးတွေက ဝေဖန်နေကြပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့က မီဒီယာတော်တော်များများက နာမည်ကြီးမင်းသမီးကြီး မီရှဲယိုး, မင်းသား Daniel Wu တို့ဟာ တရုတ်နှစ်သစ်ကူးမှာ တရုတ်နှစ်သစ်ကူးလို့ ပြောပြီးမနှုတ်ဆက်ခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း တင်ပြလာပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/f4/f4c4f301758b11cec1f74a269751c5210725f195.jfif

တရုတ်နှစ်သစ်ကူးနေ့က မီရှဲယိုးဟာ “Happy New Year” ဆိုပြီးအင်္ဂလိပ်ဆိုပြောကာ ဗီဒီယိုတင်ခဲ့ပြီး Daniel Wu ကလည်း “Happy Lunar New Year” ပါလာလို့ ပြောခဲ့ပါတယ်။ ထို့အတူ အမေရိကန်ရောက် တရုတ်နွယ်ဖွား အနုပညာရှင်တွေနဲ့ ဝန်ထမ်းတော်တော်များများဟာ “ပျော်ရွှင်ဖွယ်ရာ တရုတ်နှစ်သစ်ကူးပါ” လို့မပြောကြပဲ “နှစ်သစ်ကူးပါ” လို့သာပြောကြတာကိုတွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=367,q=100/b6/b646a8507e50f543c6460f5b842b69d0d4b6019f.jpg

ဒါကြောင့်ပဲ တရုတ်နိုင်ငံကလူတွေနဲ့ နိုင်ငံတကာရောက် တရုတ်အသိုင်းအဝိုင်းတွေကြားမှာတော့ မီရှဲယိုးအပါအဝင် အမေရိကန်ရောက် တရုတ်မင်းသား၊ မင်းသမီးတွေဟာ အောက်ခြေလွတ်နေကြသူတွေဖြစ်ပြီး မိခင်နိုင်ငံရဲ့ကျေးဇူးကိုမေ့နေကြတယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/eb/eb3e8b10e9afd870902e188ac5e68b199237f3e8.webp

ဒါပေမယ့် အနောက်နိုင်ငံတော်တော်များများဟာ တရုတ်နှစ်ကူးကို တရုတ်နှစ်ကူးလို့ အမည်မတပ်ပဲ “Lunar New Year” လို့သာခေါ်ကြသလို ကိုရီးယားအပါအဝင် အရှေ့နိုင်ငံတွေမှာလည်း တရုတ်နှစ်ကူးဟာ သူတို့ရဲ့ရိုးရာနှစ်ကူးလို့ ကျင်းပနေကြဖြစ်တာကြောင့် ရိုးရာနှစ်ကူးဆိုတဲ့ စကားကိုပဲသုံးလေ့ရှိတယ် လို့သိရပါတယ်။

Photos- credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T